ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်

ယူကရိန်းသို့ စေလွှတ်မယ့် မည်သည့် ဥရောပတပ်ဖွဲ့မဆို ရုရှားစစ်တပ်ရဲ့ တရားဝင်ပစ်မှတ်တွေ ဖြစ်လာမယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်က ယနေ့ ပြောကြားလိုက်ပါတယ်။

ဥရောပနိုင်ငံရေးသမားတွေဟာ ယူကရိန်းနဲ့ဆက်ဆံရေးမှာ ရည်မှန်းချက်တွေအတိုင်း လုပ်ဆောင် နေပြီး ယူကရိန်းပြည်သူတွေကို မလေးစားဘူးလို့ လာရော့ဗ်က စွပ်စွဲလိုက်ပါတယ်။

ယူကရိန်းသို့ ဥရောပတပ်ဖွဲ့တွေ စေလွှတ် သို့မဟုတ် ယူကရိန်းကို ထောက်ပံ့ဖို့ ရုရှားနိုင်ငံပိုင် ပစ္စည်းတွေကို သိမ်းယူမယ့် မည်သည့်လုပ်ရပ်ကိုမဆို ရုရှားက လက်တုံ့ပြန်မယ်လို့ သူက ဆိုပါတယ်။

ရုရှားက ဥရောပတိုင်းပြည်တွေနဲ့ စစ်ဖြစ်လိုတဲ့ အစီအစဉ်တွေ မရှိဘူးလို့ ၎င်းက အလေးထားပြော ခဲ့ပါတယ်။

“ယူကရိန်းသို့ ဥရောပတပ်ဖွဲ့ စေလွှတ်တာနဲ့ ရုရှားနိုင်ငံပိုင်ပစ္စည်းတွေ သိမ်းယူတာ အပါအဝင် ဘယ်လို ရန်လိုတဲ့လုပ်ရပ်မျိုးကိုဆို ကျွန်တော်တို့ လက်တုံ့ပြန်ပါမယ်။ ကျွန်တော်တို့ လက်တုံ့ပြန်ဖို့ ပြင် ဆင်ထားပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ထိုင်ဝမ်ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကို ကန့်ကွက်ကြောင်း လာရော့ဗ်က ထပ်လောင်းပြောကြားခဲ့ ပြီး ထိုင်ဝမ်ကျွန်းဟာ တရုတ်ပြည်မရဲ့ ခွဲခြားမရသော အစိတ်အပိုင်းတစ်ခုလို့ ပြောပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ စစ်အင်အားတိုးချဲ့တဲ့နည်းလမ်းကို အသေအချာ စဉ်းစားဖို့လည်း ရုရှား နိုင်ငံပိုင် သတင်းဌာန TASS နဲ့ အင်တာဗျူးမှာ ၎င်းက သတိပေးခဲ့ပါတယ်။

ကိုးကား – UPI
Ref; European troops in Ukraine would be legitimate targets: Russia