ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၈ ရက်

ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့တဲ့ ပူးတွဲ အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုတယ် လို့ တရုတ်နိုင်ငံက ပြောကြားခဲ့ပြီး တရုတ် နိုင်ငံခြားရေးဝန်ကြီးဟာ နှစ်နိုင်ငံစလုံးမှ နိုင်ငံခြားရေးဝန်ကြီး တွေနဲ့ တွေ့ဆုံမယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားနဲ့ထိုင်းတို့ဟာ မကြာသေးမီလတွေအတွင်း ဒုတိယမြောက် အပစ်အခတ်ရပ်စဲရေး ကို ဒီဇင်ဘာလ ၂၇ ရက်မှာ သဘောတူခဲ့ရာ သီတင်းပတ်ချီ နယ်စပ်ပဋိပက္ခတွေ အဆုံးသတ်ခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးမှုဟာ လက်တွေ့ကျပြီး ရှုပ်ထွေးတဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းရာမှာ ထိရောက် တဲ့နည်းလမ်းတွေ ဖြစ်ခဲ့တယ်ဆိုတာ သဘောတူညီချက်က ပြသခဲ့တယ်လို့ တရုတ်၊ နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန်၊ ထိုင်း နိုင်ငံခြား ရေးဝန်ကြီး ဆီဟာဆတ်တို့နဲ့ ဒီဇင်ဘာလ ၂၈ နဲ့ ၂၉ ရက်မှာ ယူနန်ပြည်နယ်၌ တွေ့ဆုံမှာဖြစ်ပြီး သုံးနိုင်ငံ စလုံးမှ စစ်ဘက်ကိုယ်စားလှယ်တွေလည်း တက်ရောက်မယ်လို့ တရုတ် ဝန်ကြီးဌာနက ဆိုပါတယ်။

ကမ္ဘောဒီးယားနဲ့ထိုင်းကြား ဆက်သွယ်ရေးမှာ ပလက်ဖောင်းတစ်ခုအဖြစ် ဆက်လက်ဆောင်ရွက် ပေးလိုတယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။

“အပစ်အခတ်ရပ်စဲရေး၊ အပြန်အလှန်ခရီးစဉ်တွေ ပြန်လည်စတင်ရေး၊ နိုင်ငံရေး အပြန်အလှန်ယုံ ကြည်မှု တည်ဆောက်ရေး၊ ဆက်ဆံရေးနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးမှာ အောင်မြင်မှုရှိဖို့ ကမ္ဘောဒီးယားနဲ့ ထိုင်းကို ကူညီရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍတစ်ရပ်ကနေ တရုတ်နိုင်ငံက ပါဝင်လိုပါတယ်” လို့ တရုတ်ဝန်ကြီးဌာနက ဆိုပါတယ်။

ကိုးကား – Reuters
Ref; China welcomes Cambodia-Thailand ceasefire, plans talks