ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၇ ရက်
ဂျပန်အစိုးရဟာ တရုတ်နိုင်ငံနဲ့ သံတမန်ရေးရာ တင်းမာမှုတွေ ဆိုးရွားလာစဉ် ၂၀၂၆ ဘဏ္ဍာရေး နှစ်အတွက် ကာကွယ်ရေးဘတ်ဂျက်ကို စံချိန်တင် ဒေါ်လာ ၅၈ ဘီလီယံအား အတည်ပြုလိုက်ပါတယ်။
ယခုကာကွယ်ရေးဘတ်ဂျက်ဟာ ၂၀၂၅ ခုနှစ်ထက် ၉ ဒသမ ၄ ရာခိုင်နှုန်းကျော် ပိုများပြီး ဧပြီလ မှာ ဘဏ္ဍာနှစ်သစ် စတင်ချိန်မှာ စံချိန်တင် စစ်ရေးအသုံးစရိတ် ဖြစ်ပါတယ်။
ဂျပန်နိုင်ငံဟာ စစ်တပ်ကို အဆင့်မြှင့်တင်မယ့် ငါးနှစ်စီမံချက်မှာ စတုတ္ထနှစ်ထဲ ဝင်ရောက်လာပြီ ဖြစ်လို့ ယခုစစ်ရေးဘတ်ဂျက်နဲ့ ခရုဇ်ဒုံးကျည်တွေ၊ ဒရုန်းတွေအတွက် ပေးချေမှာဖြစ်ပါတယ်။
ဂျပန်နိုင်ငံဟာ စစ်တပ်ကို ဒရုန်းတွေအပါအဝင် ခေတ်မီလက်နက်တွေတပ်ဆင်ဖို့ GDP ရဲ့ ၂ ရာ ခိုင်နှုန်းကို ရင်းနှီးမြှုပ်နှံလျက်ရှိပါတယ်။
စစ်ရေးဘတ်ဂျက်သစ်ကြောင့် ဂျပန်မြေပြင်၊ ရေပြင်၊ ဝေဟင်တပ်ဖွဲ့တွေရဲ့ ဒရုန်းတွေနဲ့ ရန်သူကို တိုက်ခိုက်နိုင်စွမ်း တိုးတက်လာမယ်လို့ သိရပါတယ်။
“SHIELD လို့ခေါ်တဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်ဟာ ဂျပန်ကို စစ်နည်းဗျူဟာသစ်တွေ ချမှတ်ရာ မှာ ထောက်ကူစေပြီး တပ်ဖွဲ့ဝင်တွေရဲ့ အသက်ကို ကာကွယ်ပေးကာ ကမ်းခြေမှာရှိတဲ့ကျွန်းတွေကို ရန်သူ တွေ မကျူးကျော်နိုင်အောင် ဟန့်တားပေးပါတယ်” လို့ ဂျပန် ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရိုကိုအောဇုမိ က ပြောပါတယ်။
ဂျပန်နိုင်ငံဟာ အမေရိကန်၊ သြစတြေးလျ၊ တူရကီနဲ့ အခြားတိုင်းပြည်များမှ ခေတ်မီ တိုက်ခိုက် ရေးဒရုန်းတွေ ဝယ်ယူမှာဖြစ်ပါတယ်။
ဂျပန်နိုင်ငံဟာ သင်္ဘောဖျက်ဒုံးကျည်တွေနဲ့ တန်ပြန်တိုက်ခိုက်ရေးစွမ်းပကားကို တိုးတက်အောင် ဆောင်ရွက်နေသလို အသံထက် ၅ ဆမြန်တဲ့ ဒုံးကျည်တွေဝယ်ယူဖို့ ရည်ရွယ်ထားပါတယ်။
ကိုးကား – UPI
Ref; Japan okays $58B defense budget amid tensions with China