ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၇ ရက်

 

စစ်ကော်မရှင်က ကျင်းပရန် ပြင်ဆင်နေသည့် အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံကြောင်း ပြသသည့်အနေဖြင့် ရွှေဘိုမြို့နယ် သပိတ်အင်အားစုနှင့် ပြည်သူများက လမ်းပေါ်ထွက်၍ “လက်ဗွေနှိပ် ဆန္ဒထုတ်ဖော်မှု” ကို ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်က ပြုလုပ်ခဲ့သည်။

 

အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ပြည်သူလူထု သွားလာမှုများသော လမ်းများပေါ်၌ စစ်ကော်မရှင်၏ ရွေးကောက် ပွဲကို ကန့်ကွက်ကြောင်း လက်ဗွေရာများနှိပ်၍ ပြသခဲ့ကြခြင်းဖြစ်သည်။

စစ်အုပ်စုက ၎င်းတို့၏ တရားမဝင်အာဏာသိမ်းမှုကို နိုင်ငံရေးထွက်ပေါက်ရှာရန် ကြိုးပမ်းနေသည့် ဤရွေးကောက်ပွဲသည် ပြည်သူကို အနိုင်ကျင့်သည့် လုပ်ရပ်သာဖြစ်ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူ များနှင့် ရွှေဘိုမြို့နယ် သပိတ်အင်အားစုက ဆိုသည်။

 

ရွှေဘိုမြို့နယ် သပိတ်အင်အားစုနှင့် ပြည်သူများ၏ အဆိုပါလှုပ်ရှားမှုသည် စစ်ကော်မရှင်၏ တရားမဝင် ကြံစည်မှုများအပေါ် ပြည်သူ့ဆန္ဒ အစစ်အမှန်ဖြင့် တုံ့ပြန်လိုက်ခြင်းပင်ဖြစ်သည်။

ဓာတ်ပုံ- ရွှေဘိုမြို့နယ် သပိတ်အင်အားစု