ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၇ ရက်
ထိုင်ဝမ်သို့ စစ်လက်နက်ရောင်းချမှုကြောင့် ဘိုအင်းကုမ္ပဏီ အပါအဝင် လူပုဂ္ဂိုလ် ၁၀ ဉီးနဲ့ အမေ ရိကန် စစ်လက်နက်လုပ်ငန်း ၂၀ ခုကို ဒဏ်ခတ်အရေးယူကြောင်း တရုတ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီ ဇင်ဘာလ ၂၆ ရက်မှာ ကြေညာခဲ့ပါတယ်။
စစ်လက်နက်ကုမ္ပဏီ Anduril တည်ထောင်သူနဲ့ အကြီးတန်း အမှုဆောင်တွေကို တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
ဒဏ်ခတ်ပိတ်ဆို့ခံထိ အခြားကုမ္ပဏီတွေထဲမှာ Northrop Grumman Systems Corporation၊ L3 Harris Maritime Services နဲ့ ဘိုအင်းကုမ္ပဏီရဲ့ စိန့်လူးဝစ်ရုံးခွဲတို့ ပါဝင်ပါတယ်။
ထိုင်ဝမ်သို့ ဒေါ်လာ ၁၁ ဒသမ ၁ ဘီလီယံတန်ကြေးရှိ စစ်လက်နက်တွေ ရောင်းချမယ်လို့ အမေ ရိကန်နိုင်ငံက ပြီးခဲ့တဲ့အပတ်အတွင်း ကြေညာပြီးနောက် တရုတ်က အခုလို အမေရိကန်နိုင်ငံသားတွေနဲ့ စစ်လက်နက်ကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့တာပါ။
အမေရိကန်ရဲ့ ထိုင်ဝမ်သို့ အဆိုပါ ပမာဏအများဆုံး စစ်လက်နက်ရောင်းချမှုဟာ တရုတ်နိုင်ငံကို အမျက်ထွက်စေခဲ့ပါတယ်။
“ထိုင်ဝမ်အရေးဟာ တရုတ်နိုင်ငံရဲ့ အဓိက အကျိုးစီးပွားဖြစ်ပြီး တရုတ်-အမေရိကန် ဆက်ဆံ ရေးမှာ မဖြတ်ကျော်ရမယ့် ပထမဆုံးစည်း ဖြစ်ပါတယ်” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူတစ်ဉီးက ဒီဇင်ဘာလ ၂၆ ရက် ထုတ်ပြန်ချက်မှာ ပြောပါတယ်။
ထိုင်ဝမ်အရေး စည်းကျော်လာသော မည်သည့် ရန်စမှုလုပ်ရပ်ကိုမဆို တရုတ်နိုင်ငံက ပြင်းထန် စွာ လက်တုံ့ပြန်မယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပြီး ထိုင်ဝမ်ကို လက်နက်တပ်ဆင်မယ့် အန္တရာယ်များတဲ့ ကြိုးပမ်းမှုတွေကို ရပ်တန့်ဖို့ အမေရိကန်နိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။
ယခုမူဝါဒဟာ အမေရိကန်အစိုးရကိုးဆက်အထိ ကျိုးကြောင်းညီညွတ်ခဲ့ပြီး ထိုင်ဝမ်ရေလက် ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထောက်ကူတယ်လို့ အမေရိကန်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြော ရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။
ကိုးကား – Reuters
Ref; China hits US defence firms with sanctions over arms sales to Taiwan