ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၆ ရက်
အာဏာသိမ်း စစ်ကော်မရှင်၏တရားမဝင်ရွေးကောက်ပွဲကျင်းပမည့် ယခု ဒီဇင်ဘာလအတွင်း MRTV ကဲ့သို့ စစ်အုပ်စု၏ ဝါဒဖြန့်ချန်နယ် ၂၈ ခုကို ကမ္ဘာ့အဆင့်နည်းပညာကုမ္ပဏီများက ၎င်းတို့ပိုင်လူမှုကွန်ရက်ပလက်ဖောင်းများမှ ဖယ်ရှားခဲ့ကြောင်း သိရသည်။
Justice For Myanmar အဖွဲ့အစည်းမှ ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်နေ့မှစတင်ကာ နိုင်ငံတကာနည်းပညာကုမ္ပဏီများကြီးများသို့ စတင်ဆက်သွယ်ခဲ့ပြီး စစ်အုပ်စု၏ လူ့အခွင့်ရေးချိုးဖောက်မှုမှတ်တမ်းများကို ပေးပို့ခဲ့ပြီးနောက် စစ်အုပ်စု၏ ဝါဒဖြန့်ချီရေးအကောင့် ၂၈ ခုထိကို အရေးယူဖယ်ရှားခဲ့ခြင်း ဖြစ်သည်။

စစ်အုပ်စု၏ဝါဒဖြန့်အကောင့်နှင့် ချန်နယ်များကို Facebook၊ YouTube၊ MediaFire၊ Kick၊ Twitch စသည့် ကမ္ဘာအနှံ့လူသုံးများသည့် လူမှုကွန်ရက်ပလက်ဖောင်းများက ဖယ်ရှားမှုပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လူသုံးအများဆုံးလူမှုကွန်ရက်ဖြစ်သည့် Facebook မှလည်း စစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ခံ ချန်နယ်များဖြစ်သည့် MRTV၊ MITV၊ Yadanabon Newspaper (ရတနာပုံသတင်းစာ)၊ MRN News အကောင့်များကို ဖယ်ရှားခဲ့ကြောင်း သိရသည်။

ထို့ပြင် Live တိုက်ရိုက်ရုပ်သံလွှင့်ရာတွင် ထင်ရှားသည့် ပလက်ဖောင်းများဖြစ်သည့် Twitchနှင့် Kick မှလည်း စစ်အုပ်စုလက်အောက်ခံ နိုင်ငံပိုင်MRTV ချန်နယ်လိုင်းများ၊ ရေဒီယိုချန်နယ်များ စသည့် အကောင့် ၂၁ ကောင့်ကိုလည်း ဖျက်သိမ်းခြင်းများပြုလုပ်ခဲ့သည်။
စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ အကောင့်ဖယ်ရှားမှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင့် စစ်အုပ်စု၏ သတင်းမှားဖြန့်ဝေနိုင်ခြင်းကို ကန့်သတ်နိုင်ခဲ့ပြီး ယခုကဲ့သို့ ဖယ်ရှားပိတ်သိမ်းခဲ့မှုများအပေါ်ကိုလည်း Justice For Myanmar က ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ-လူမှုကွန်ရက်