ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၆ ရက်
အမေရိကန်နိုင်ငံဟာ နိုင်ဂျီးရီးယားအစိုးရရဲ့ တောင်းဆိုချက်အရ နိုင်ဂျီးရီးယားနိုင်ငံ အနောက် မြောက်ပိုင်းမှာ ခရစ်ယာန်ဘာသာဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ IS စစ်သွေးကြွတွေကို လေ ကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။
“အပြစ်မဲ့ ခရစ်ယာန်ဘာသာဝင်တွေကို သတ်ဖြတ်နေတဲ့ နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက် ပိုင်းက ISIS အကြမ်းဖက်သမားတွေကို ကာကွယ်ရေးဉီးစီးချုပ်ဖြစ်တဲ့ ကျွန်တော့်ရဲ့ ညွှန်ကြားချက်အရ အမေရိကန်ုနိုင်ငံက ယနေ့ညမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်” လို့ ဒေါ်နယ်ထရမ့်က လူမှု ကွန်ရက် Truth မှာ ရေးသားခဲ့ပါတယ်။
နိုင်ဂျီးရီးယား အာဏာပိုင်တွေရဲ့ မေတ္တာရပ်ခံချက်အရ လေကြောင်းတိုက်ခိုက်မှုကို ဆိုကိုတိုပြည် နယ်မှာ လုပ်ဆောင်ခဲ့ရာ ISIS စစ်သွေးကြွ အများအပြား သေဆုံးခဲ့တယ်လို့ အမေရိကန်စစ်တပ်၊ အာဖရိ ကကွပ်ကဲမှုဌာနက ပြောပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်တွေ ခြိမ်းခြောက်ခံနေရတယ်လို့ အောက်တိုဘာလ နှောင်းပိုင်းမှာ ဒေါ်နယ်ထရမ့်က သတိပေးခဲ့ပြီး ခရစ်ယာန်အသိုင်းအဝိုင်းကို အကြမ်းဖက်တာ မရပ်တန့် နိုင်ရင် စစ်ရေးနည်းလမ်းအရ ကြားဝင်မယ်လို့ ခြိမ်းခြောက်အပြီးမှာ အခုလို လေကြောင်းတိုက်ခိုက်တာ ပါ။
အမေရိကန်နိုင်ငံဟာ နိုဝင်ဘာလနှောင်းပိုင်းကတည်းက နိုင်ဂျီးရီးယားနိုင်ငံရှိ နယ်မြေတွေမှာ သ တင်းထောက်လှမ်းရေး ပျံသန်းမှုတွေ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
သတင်းအချက်အလက် မျှဝေရေး၊ စစ်သွေးကြွအဖွဲ့တွေကို ပစ်မှတ်ထားဖို့ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု အပါအဝင် အမေရိကန်နိုင်ငံနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရဲ့ တစ်စိတ် တစ်ပိုင်းအဖြစ် လေကြောင်းတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာလို့ နိုင်ဂျီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန က ပြောပါတယ်။
အနောက်မြောက်ပိုင်းမှာ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ နိုင်ဂျီးရီးယားရှိ အ ကြမ်းဖက်ပစ်မှတ်တွေကို အတိအကျ ထိမှန်ခဲ့ပါတယ်” လို့ အဆိုပါဝန်ကြီးဌာနက လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။
ပံ့ပိုးကူညီမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် နိုင်ဂျီးရီးယားအစိုးရကို ကျေးဇူးတင်ရှိတယ်လို့ အ မေရိကန် ကာကွယ်ရေးဝန်ကြီး ပိဟတ်ဆက်က လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။
ကိုးကား – AFP
Ref; US launches air strikes against Islamic State militants in Nigeria