ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၆ ရက်

ထိုင်းနဲ့ကမ္ဘောဒီးယားက လူအသေအပျောက်ရှိတဲ့ တိုက်ပွဲတွေ အဆုံးသတ်ရေး ဆွေးနွေးမှုတွေ ပြုု လုပ်နေစဉ် အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက နှစ်နိုင်ငံစလုံး ကို တောင်းဆိုလိုက်ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နဲ့ ဖုန်းပြောဆိုမှုမှာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ငြိမ်းချမ်းရေး လိုအင်ဆန္ဒကို မာကိုရူဘီယိုက ထပ်လောင်းပြောကြားခဲ့တာပါ။

“ကမ္ဘောဒီးယားနဲ့ထိုင်းကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရရှိရေး ဆွေးနွေးပွဲတွေ ပြုလုပ်ပေးဖို့ အမေ ရိကန်နိုင်ငံက ပြင်ဆင်ထားပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ တွမ်မီပက်ဂေါ့က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

လူ ၄၄ ဉီး သေဆုံးခဲ့ပြီး ၅၀၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရတဲ့ နှစ်နိုင်ငံကြား ပဋိပက္ခတွေ ဒီဇင်ဘာ လ ၇ ရက်မှာ ပြန်လည်စတင်ပြီးနောက် ထိုင်းနဲ့ကမ္ဘောဒီးယားဟာ ပထမဆုံးအကြိမ် ဆွေးနွေးလျက်ရှိပါ တယ်။

ဇူလိုင်လအတွင်း ငါးရက်ကြာ တိုက်ပွဲတွေဟာ မလေးရှားနဲ့ အမေရိကန်က ကြားဝင်ဖျန်ဖြေပေးတဲ့ ကနဉီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့အတူ အဆုံးသတ်ခဲ့ပါတယ်။

ထိုင်းနဲ့ကမ္ဘောဒီးယားဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ကြောင်း အပြန် အလှန် စွပ်စွဲနေကြပါတယ်။

ကိုးကား – Bloomberg
Ref; US urges Cambodia and Thailand to end weeks of deadly violence