ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၆ ရက်

တရုတ်နိုင်ငံဟာ ဒီဇင်ဘာလ ၂၅ ရက်မှာ အမေရိကန်ရဲ့ ထိုင်ဝမ်သို့ စစ်လက်နက်ရောင်းချမှုကို ဝေ ဖန်ခဲ့ပြီး စစ်လက်နက်ရောင်းချမှုဟာ ထိုင်ဝမ်ရေလက်ကြား စစ်ပွဲခြိမ်းခြောက်မှုကို အရှိန်မြှင့်ပေးနေတာ လို့ ပြောပါတယ်။

ထိုင်ဝမ်ကျွန်းအတွက် အကြီးမားဆုံး လက်နက်ရောင်းချမှုအဖြစ် ထိုင်ဝမ်သို့ ဒေါ်လာ ၁၁ ဒသမ ၁ ဘီလီယံတန်ကြေးရှိ လက်နက်တွေရောင်းချမယ်လို့ အမေရိကန်နိုင်ငံက ပြီးခဲ့တဲ့အပတ်မှာ ကြေညာခဲ့ပါ တယ်။

အမေရိကန်နိုင်ငံဟာ ကတိဖျက်ပြီး ထိုင်ဝမ်သို့ စစ်လက်နက်တွေရောင်းချမှု အရှိန်မြှင့်ကာ ထိုင် ဝမ်ရေလက်ကြား စစ်ပွဲခြိမ်းခြောက်မှု အရှိန်မြှင့်နေပါတယ်” လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြော ရေးဆိုခွင့်ရှိသူ Zhang Xiaogang က ပြောပါတယ်။

အမေရိကန်နိုင်ငံက ရန်စမှုအားလုံး ရပ်တန့်ကာ လုပ်ရပ်မှားတွေကို ပြင်သင့်တယ်လို့ ကြာသပ တေးနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ၎င်းက ပြောပါတယ်။

“အမေရိကန်ရဲ့ ထိုင်ဝမ်အရေးဥပဒေဟာ တရုတ်ပြည်တွင်းရေးမှာ စွက်ဖက်နေပြီး ထိုင်ဝမ်ရေ လက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ဆိုးရွားစွာ ထိခိုက်စေတဲ့ ထိုင်ဝမ်လွတ်လပ်ရေးတပ်ဖွဲ့တွေအ တွက် မှားယွင်းတဲ့ အချက်ပေးမှုတစ်ခု ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ထိုင်ဝမ်အရေး အကဲဆတ်မှုမြင့်မားတာကို သိနားလည်ဖို့၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒနဲ့ တရုတ်-အမေရိကန် သဘောတူညီချက် ၃ ခုကို လိုက်နာဖို့ Zhang Xiaogang က အမေရိကန်နိုင်ငံကို တိုက်တွန်း လိုက်ပါတယ်။

အမေရိကန်နိုင်ငံဟာ ထိုင်ဝမ်အရေး ကိုင်တွယ်ရာမှာ အလွန်အမင်း သတိထားဖို့၊ ထိုင်ဝမ်သို့ စစ် လက်နက်ရောင်းချတာ ရပ်တန့်ဖို့နဲ့ နှစ်နိုင်ငံကြား အလုံးစုံအခြေအနေကို စောင့်ရှောက်မယ့် ခိုင်မာသော လုပ်ရပ်တွေ လုပ်ဆောင်ဖို့ ၎င်းက တောင်းဆိုပါတယ်။

အမေရိကန်နိုင်ငံက ဒီဇင်ဘာလ ၁၈ ရက်မှာ အတည်ပြုထားတဲ့ စစ်လက်နက်ရောင်းချမှုမှာ HIMARS ဒုံးကျည်တွေ၊ ဟောင်ဝှစ်ဇာအမြောက်တွေ၊ Javelin တင့်ဖျက်ဒုံးတွေ၊ Altius ဒရုန်းတွေနဲ့ အခြား စစ်လက်နက်အစိတ်အပိုင်းတွေ ပါဝင်ပါတယ်။

ကိုးကား – CNA
Ref; China says US arms sales to Taiwan ‘speeding up threat of war’