ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၅ ရက်

ဒီလအတွင်း နှစ်နိုင်ငံကြား စစ်ရေးပဋိပက္ခတွေ ပြန်လည်ဖြစ်ပွားပြီးနောက် ထိုင်းနဲ့ကမ္ဘောဒီးယား ဟာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ ပြန်လည်စတင်လိုက်ပါတယ်။

နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပြီး အရပ်သားတွေ အပါအဝင် လူ ၄၀ ကျော် သေဆုံးကာ ၇၀၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။

ဗုဒ္ဓဟူးနေ့နေ့လည်ပိုင်းက နယ်စပ်အနီးမှာ ဆွေးနွေးမှုတွေ စတင်ခဲ့တယ်လို့ နှစ်နိုင်ငံစလုံးက ကြေညာခဲ့ပါတယ်။

စနေနေ့မှာပြုလုပ်မယ့် အစည်းအဝေးသို့ ထိုင်းနဲ့ကမ္ဘောဒီးယားမှ ကာကွယ်ရေးဝန်ကြီးတွေ တက်ရောက်ကြဖို့ မျှော်မှန်းရပါတယ်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အ ထူးအစည်းအဝေးမှာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ နှစ်ဘက်စလုံးက သဘော တူခဲ့တာပါ။

သို့သော်လည်း နယ်စပ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ထိုင်းလေတပ်ဟာ ဗုဒ္ဓဟူးနေ့က နေရာ များစွာမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ကမ္ဘောဒီးယားက ပြောပါတယ်။

အင်္ဂါနေ့တိုက်ပွဲမှာ စစ်သားတစ်ဉီး ကျဆုံးခဲ့ပြီး ကမ္ဘောဒီးယားစစ်တပ်ဟာ ဗုဒ္ဓဟူးနေ့က ဒုံးတိုက် ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ထိုင်းနိုင်ငံက ပြောပါတယ်။

ထိုင်းနဲ့ကမ္ဘောဒီးယားကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေဟာ တိုးတက်မှု ရှိ မရှိဆိုတာ မသေချာပါဘူး။

ကိုးကား – NHK
Ref; Thai-Cambodia ceasefire talks resume, but clashes continue