ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၅ ရက်

လစ်ဗျားစစ်တပ်အကြီးအကဲဟာ တူရကီနိုင်ငံမှာ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့တယ်လို့ လစ်ဗျားဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

လစ်ဗျားစစ်ဉီးစီးချုပ် ဗိုလ်ချုပ်ကြီး အလီအာမက်အယ်လ်ဟတ်ဒတ်ဟာ စစ်ဘက်အရာရှိကြီး (၄) ဉီး၊ လေယာဉ်အမှုထမ်းသုံးဉီးနဲ့အတူ အင်္ဂါနေ့ညနေပိုင်းက အန်ကာရာမြို့တော်မှ Falcon 50 လေယာဉ်နဲ့ ထွက်ခွာလာချိန် လေယာဉ်ပျက်ကျပြီး သေဆုံးခဲ့တာပါ။

အဆိုပါဂျက်လေယာဉ်ဟာ အန်ကာရာလေဆိပ်မှ ပျံတက်သွားပြီး ၄၂ မိနစ်အကြာမှာ အဆက်အ သွယ်မရတော့ဘူးလို့ တူရကီ ပြည်ထဲရေးဝန်ကြီး အလီယာလီကာယာက ပြောပါတယ်။

ထရီပိုလီမြို့သို့ မောင်းနှင်နေတဲ့ အဆိုပါလေယာဉ်ဟာ အဆက်အသွယ်မပြတ်တောက်မီ အရေး ပေါ်ဆင်းသက်ဖို့ တောင်းဆိုခဲ့ပြီး လေယာဉ်အပျက်အစီးတွေကို အန်ကာရာမြို့ရဲ့ အနောက်တောက်ဘက် မှာ အသံဖမ်းစက်၊ Black Box နဲ့အတူ တွေ့ရှိခဲ့ပါတယ်။

အရေးပေါ်ဌာနက အလောင်းတွေကို ပြန်ဖော်ဖို့ ကြိုးစားနေဆဲဖြစ်ပြီး လေယာဉ်ပျက်ကျရတဲ့ အ ကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်နေပါတယ်။

ရဲတပ်ဖွဲ့ဟာ ဟေမန်နာခရိုင်၊ ကီဆက်ကာဗက်ခ်ရွာအနီးမှာ လေယာဉ်အပျက်အစီးတွေကို တွေ့ရှိ ခဲ့ပြီလို့ ယာလီကာယာက လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

လေယာဉ်ပျက်ကျမှုကြောင့် ဗိုလ်ချုပ်ကြီး အလီအာမက်နဲ့ အကြီးတန်း စစ်ဘက်အရာရှိတွေ သေ ဆုံးတဲ့သတင်းကို လက်ခံရရှိခဲ့ပြီလို့ နိုင်ငံတကာ အသိအမှတ်ပြု လစ်ဗျားဝန်ကြီးချုပ် အဗ္ဗဒူဟာမက်က ပြောပါတယ်။

ဗိုလ်ချုပ်ကြီး အလီအာမက် သေဆုံးမှုဟာ တိုင်းပြည်အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်ပြီး လစ်ဗျားနိုင်ငံဟာ တိုင်းပြည်တာဝန်ကို ရိုးသားစွာ ထမ်းဆောင်ခဲ့သူတွေကို ဆုံးရှုံးခဲ့ရပြီလို့ ၎င်းက ပြောပါ တယ်။

ဗိုလ်ချုပ်ကြီး အလီအာမက်နဲ့အဖွဲ့ဟာ နှစ်နိုင်ငံကြား စစ်ဘက်နဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှု တိုးမြှင့်ဖို့ရည်ရွယ်တဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ တူရကီနိုင်ငံသို့ သွားရောက်ခဲ့တာပါ။

ကိုးကား – BBC
Ref; Libya’s army chief killed in air crash in Turkey