‎ဧရာဝတီတိုင်းမ်
‎ဒီဇင်ဘာ ၂၄ ရက်

‎မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းရှိ ဂုတ်ကြီးစခန်းကို စစ်ကော်မရှင်က စစ်ကြောင်းထိုးတက်လာရာ ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း သိရသည်။

‎ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ရက်နေ့က ဂုတ်ကြီးစခန်းအနီးကို စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းသုံး၍ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး တက်လာသည့်အတွက် AAနှင့်ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်ထံမှသိရသည်။

‎တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်သုံးကားများဖြင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို အမှတ်၁၆ တပ်ဆေးရုံ တဆရ ၁၆/၁၀၀ ကို ပို့ဆောင်မှုများရှိကြောင်း သိရသည်။

‎”ဂုတ်ကြီးကနေ တမာတော တဆရကို စစ်ကားတွေအဝင်အထွက်ရှိခဲ့တယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎စစ်ကြောင်းနှစ်ကြောင်းတွင် ခန့်မှန်းအင်အား ၃၀၀ ခန့်ပါပြီး စစ်ကော်မရှင်က လေကြောင်းမှပါ ပစ်ကူတိုက်ခိုက်ခဲ့သည်။

‎ဂုတ်ကြီးကျေးရွာနှင့်စခန်းကို စစ်ကော်မရှင်က ဝင်ရောက်ကာ ဝါဒဖြန့် ဓာတ်ပုံရိုက်ကူးပြီးနောက် AAထိုးစစ်ကြောင့် တပ်ဆုတ်ပြန်ပြေးခဲ့ခြင်းဖြစ်သည်။

‎စစ်ကော်မရှင်က နတ်ရေကန်ဗျူဟာမှ စစ်ကော်မရှင်တပ်များနှင့်အချိတ်အဆက်ပြန်ယူပြီး ဆက်သွယ်ရေးလမ်းကြောင်းတွင် အရေးပါသော ကာကင်းစခန်းများကို ပြန်လည်စိုးမိုးမှုရရှိရန်ကြိုးစားနေကြောင်း သိရသည်။