ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၄ ရက်

မြန်မာစစ်အုပ်စုဟာ လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးဖို့ အကြမ်းဖက်မှုနဲ့ ခြိမ်းခြောက် မှုကို အသုံးပြုနေတယ်လို့ ကုလသမဂ္ဂက ဒီဇင်ဘာလ ၂၃ ရက်မှာ ပြောကြားခဲ့ပါတယ်။

“မြန်မာ စစ်တပ်အာဏာပိုင်တွေဟာ ပြည်သူတွေ မဲပေးဖို့ အတင်းအကျပ် ရက်စက်ကြမ်းကြုတ် တဲ့ အကြမ်းဖက်မှုကို ရပ်တန့်ရမှာဖြစ်ပြီး သဘောထားကွဲလွဲကြောင်း ထုတ်ဖော်ပြောသူတွေကို ဖမ်းဆီး တာ ရပ်တန့်ရပါမယ်” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် အကြီးအကဲ ဗော်လ်ကာတပ်ခ်က ပြော ပါတယ်။

မြန်မာစစ်တပ်ကို ဆန့်ကျင်တဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ပြင်းထန်သော ခြိမ်းခြောက်မှုတွေကို လည်း ၎င်းက ရှုတ်ချခဲ့ပါတယ်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကြောင့် ရွေးကောက်ပွဲ အကာအကွယ်ပေးရေးဥပဒေအရ လူ ပေါင်း ဒါဇင်ချီ ဖမ်းဆီးခံခဲ့ရတယ်လို့ ၎င်းက မီးမောင်းထိုးပြပါတယ်။

မဲမထည့်ပါက တိုက်ခိုက်ခံ သို့မဟုတ် နေအိမ် သိမ်းဆည်းခံရမယ်လို့ ခြိမ်းခြောက်ခံရသူတွေရဲ့ သတင်းတွေကို မန္တလေးတိုင်းဒေသကြီး အပါအဝင် နေရာများစွာရှိ စစ်ဘေးရှောင်တွေထံမှ လက်ခံရရှိခဲ့ တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောပါတယ်။

“စစ်ဘေးရှောင်တွေကို အန္တရာယ်မကင်းတဲ့အပြင် ဆန္ဒအလျှောက်မဟုတ်တဲ့နည်းလမ်းနဲ့ နေရပ် ပြန်ဖို့ ဖိအားပေးတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခု ဖြစ်ပါတယ်” လို့ သူက ထောက်ပြပါတယ်။

“မြန်မာစစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ အကြမ်းဖက်မှု၊ ဖိနှိပ်မှုရှိတဲ့ ပတ်ဝန်းကျင်မှာ ပြုလုပ်တာ ထင်ရှားပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

ပြည်သူတွေ လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာ စု ဝေးပိုင်ခွင့် ရှိမယ့်အခြေအနေ မရှိပါဘူးလို့ ဗော်လ်ကာတပ်ခ်က ပြောပါတယ်။

ကိုးကား – AFP
Ref; UN says Myanmar junta using ‘brutal violence’ to force people to vote