ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၃ ရက်

အမေရိကန်နိုင်ငံရဲ့ အခြားတိုင်းပြည်မှ သင်္ဘောတွေကို သိမ်းယူခြင်းဟာ အပြည်ပြည်ဆိုင်ရာဥပ ဒေကို ချိုးဖောက်မှုတစ်ခုလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၂ ရက်မှာ ပြောကြားခဲ့ပါ တယ်။

အမေရိကန်နိုင်ငံက ဗင်နီဇွဲလားကမ်းလွန်မှာ တရုတ်နိုင်ငံသို့သွားတဲ့ ရေနံတင်သင်္ဘောတစ်စင်းကို ကြားဖြတ်ဟန့်တားပြီးနောက် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို မှတ်ချက်ပြုတာပါ။

ဗင်နီဇွဲလားနိုင်ငံဟာ အခြားတိုင်းပြည်တွေနဲ့ ဆက်ဆံရေး ထူထောင်ပိုင်ခွင့်ရှိပြီး တရုတ်နိုင်ငံက တရားမဝင် ဒဏ်ခတ်ပိတ်ဆို့မှာအားလုံးကို ဆန့်ကျင်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေး ဆိုခွင့်ရှိသူ လင်ကျင်းက ပြောပါတယ်။

ဗင်နီဇွဲလားနိုင်ငံကို အဝင်/အထွက်ပြုလုပ်တဲ့ ဒဏ်ခတ်ပိတ်ဆို့ခံထိ ရေနံတင်သင်္ဘောအားလုံးကို ပိတ်ဆို့ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာပြီးနောက် အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ဟာ ဒီဇင်ဘာလ ၂၀ ရက်မှာ ဗင်နီဇွဲလားကမ်းလွန်ရှိ နိုင်ငံတကာရေပိုင်နက်မှာ ဒုတိယမြောက် ရေနံတင် သင်္ဘောကို ကြားဖြတ်ဟန့်တားခဲ့ပါတယ်။

ရေနံတင်သင်္ဘော Centuries ဟာ ဗင်နီဇွဲလားနိုင်ငံမှာ Crag အမည်နဲ့ ရေနံစိမ်း ၁ ဒသမ ၈ သန်း တင်ဆောင်ကာ တရုတ်နိုင်ငံသို့ သွားရောက်နေတာလို့ သိရပါတယ်။

အဆိုပါရေနံတင်သင်္ဘောဟာ ဒဏ်ခတ်ပိတ်ဆို့ခံထိ ရေနံစိမ်းတွေ သယ်ဆောင်လာတာလို့ အိမ်ဖြူ တော် ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။

ရေနံတင်သင်္ဘောကို ကြားဖြတ်ဟန့်တားမှုဟာ ဆိုးရွားသော နိုင်ငံတကာ ဓားပြတိုက်မှုအပြုအမူ တစ်ခုလို့ ဗင်နီဇွဲလားအစိုးရက ပြောပါတယ်။

တရုတ်နိုင်ငံဟာ ဗင်နီဇွဲလားရဲ့ ရေနံစိမ်းဝယ်လက်ဖြစ်ပြီး ပြည်ပမှ ရေနံစိမ်းတင်သွင်းမှုရဲ့ အကြမ်း ဖျင်း ၄ ရာခိုင်နှုန်း ရှိပါတယ်။

ကိုးကား – Reuters
Ref; China says US seizure of ships ‘serious violation’ of international law