ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၃ ရက်

မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး ငါးနှစ်နီးပါးအကြာမှာ မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာကို ဗြိတိန်နိုင်ငံက အလွန်အမင်း စိုးရိမ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဂျိမ်းစ်ကာရီအူကီက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါ တယ်။

မြန်မာစစ်တပ်က အရပ်သားတွေကို လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် အကြမ်းဖက်မှု တွေ လျှော့ချရမှာဖြစ်ပြီး အရပ်သားနဲ့ အရပ်ဘက်အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ ရပ်တန့်ရမယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှု အခြေအနေဟာ ကြောက်မတ်ဖွယ်ရာ ဖြစ်နေဆဲဖြစ်ပြီး ၂၀၂၆ ခုနှစ်မှာ ပြည်သူ ၁၆ သန်း အရေးပေါ်အကူအညီ လိုအပ်မယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဗြိတိန်နိုင်ငံက ယခုဘဏ္ဍာနှစ်မှာ ဒေါ်လာ သန်း ၁၀၀ ကျော် ထောက်ပံ့ခဲ့ပေမယ့် အကူအညီပေး ခွင့်ပြုမှသာ ငွေကြေးထောက်ပံ့မှုက စစ်မှန်သော အကျိုးသက်ရောက်မှုရှိမယ်လို့ ထုတ်ပြန်ချက်က ပြော ပါတယ်။

မည်သည့် အဓိပ္ပာယ်ရှိသော ရွေးကောက်ပွဲမဆို အကြမ်းဖက်မှု ရပ်တန့်ဖို့နဲ့ အဖွဲ့အစည်းအားလုံး ကြား တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်လို့ ဗြိတိန်နိုင်ငံက ထောက်ပြပါတယ်။

မြန်မာစစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမှာမဟုတ်ကြောင်း၊ လက်ရှိအ ခြေအနေမှာ ရွေးကောက်ပွဲကျင်းပတာဟာ အကြမ်းဖက်မှုတွေ တိုးလာစေပြီး ရေရှည်အဖြေရှာဖို့ ခက်ခဲ နိုင်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

မြန်မာပဋိပက္ခ အဖြေရှာရာမှာ အာဆီယံအဖွဲ့ရဲ့ ဗဟိုကျမှုကို ဗြိတိန်နိုင်ငံက ထပ်လောင်းအတည် ပြုပြီး မြန်မာပြည်သူတွေ၊ ၎င်းတို့ရဲ့ ငြိမ်းချမ်းသော၊ အားလုံးပါဝင်သော၊ ဒီမိုကရေစီ အနာဂတ် လိုအင် ဆန္ဒနဲ့အတူ ရပ်တည်တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ကိုးကား – https://www.gov.uk/government/speeches
Ref; Elections under the current circumstances in Myanmar risk provoking further violence: UK statement on Myanmar