ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၃ ရက်

တနင်္လာနေ့က မော်စကိုမြို့တော်မှာဖြစ်ပွားခဲ့တဲ့ ကားဗုံးပေါက်ကွဲမှုမှာ အကြီးတန်း စစ်တပ်အရာ ရှိတစ်ဉီး သေဆုံးခဲ့တယ်လို့ ရုရှား စုံစမ်းစစ်ဆေးရေး အာဏာပိုင်တွေက ပြောကြားပြီး ယင်းဖြစ်စဉ်မှာ ယူ ကရိန်းအထူးတပ်ဖွဲ့ ပါဝင်တယ်လို့ သံသယရှိနေပါတယ်။

မော်စကိုမြို့တော်တောင်ပိုင်း ကားဗုံးပေါက်ကွဲမှုမှာ ဒုတိယဗိုလ်ချုပ်ကြီး ဖာနေးလ်ဆာဗာရော့ဗ် သေဆုံးခဲ့တယ်လို့ ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီက ပြောပါတယ်။

ဆာဗာရော့ဗ်ဟာ ရုရှားစစ်တပ် စစ်ဉီးစီးချုပ်ရုံး၊ စစ်ဆင်ရေးလေ့ကျင့်မှုဌာနကို ဉီးဆောင်ခဲ့သူ ဖြစ် ပါတယ်။ ကားဗုံးကို ကားဖင်ထိုင်ခုံအောက် ထောင်ထားခဲ့တာလို့ သိရပါတယ်။

မော်တော်ကားက ယာဉ်ရပ်နားရာနေရာတစ်ခုမှ စတင်ထွက်ခွာစဉ် ဗုံးတစ်လုံး ပေါက်ကွဲခဲ့တာလို့ ရုရှားသတင်းစာ Kommersant နဲ့ အခြားမီဒီယာတွေက ဖော်ပြပါတယ်။

အထပ်မြင့် အဆောက်အအုံတွေရှိရာ လူနေဧရိယာတစ်ခုမှာ ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ် ပြီး ပျက်စီးသွားတဲ့ မော်တော်ကားကို ရွှေ့ပြောင်းသွားခဲ့တယ်လို့ သိရပါတယ်။

ကြောက်မတ်ဖွယ်ရာ ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ အရင်ဆုံး ဒရုန်းတိုက် ခိုက်မှုတစ်ခုလို့ ယူဆခဲ့ကြောင်း အနီးအနားမှာနေထိုင်တဲ့ အသက် ၁၂ နှစ်အရွယ် ကောင်လေးတစ်ဉီးက ပြောပါတယ်။

ဆာဗာရော့ဗ်ဟာ ယခင်က ရုရှားတောင်ပိုင်း ချေချင်းညှာနဲ့ ဆီးရီးယားရှိ စစ်ဘက်စစ်ဆင်ရေးတွေ မှာ ပါဝင်ခဲ့တယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြပါတယ်။

၂၀၂၂ ခုနှစ်မှာ ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ရုရှားနိုင်ငံဟာ အကြီးတန်း စစ်ဗိုလ် ချုပ်တွေ သေဆုံးစေခဲ့တဲ့ ပေါက်ကွဲမှုဖြစ်စဉ်များစွာ ကြုံတွေ့ခဲ့ရပါတယ်။

ဧပြီလအတွင်း ရုရှား လုံခြုံရေးအာဏာပိုင်တွေဟာ ရုရှား ဗိုလ်ချုပ်ကြီးတစ်ဉီး သေဆုံးခဲ့တဲ့ မော်စ ကိုမြို့တော် ဆင်ခြေဖုံး ကားဗုံးပေါက်ကွဲမှုမှာ သံသယရှိတဲ့ ယူကရိန်း ထောက်လှမ်းရေးတစ်ဉီးကို ဖမ်းဆီး ခဲ့ပါတယ်။

ကိုးကား – NHK
Ref; Senior Russian military officer killed in car explosion in Moscow