ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၂ ရက်
ထိုင်းနဲ့ ကမ္ဘောဒီးယားတပ်ဖွဲ့တွေဟာ နှစ်နိုင်ငံကြား အငြင်းပွားနယ်စပ်မှာ တိုက်ခိုက်မှုတွေ အရှိန် မြှင့်လျက်ရှိပါတယ်။
ဒီလအတွင်း နှစ်နိုင်ငံကြား တိုက်ပွဲတွေကြောင့် အရပ်သားတွေ အပါအဝင် လူ ၄၀ ဉီး သေဆုံးခဲ့ ပြီး ၇၀၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။
ဒီဇင်ဘာလလယ်နောက်ပိုင်း ထိုင်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ နယ်စပ်မှဝေးတဲ့ နေရာတွေအထိ ရောက်ရှိလာခဲ့လို့ လက်ရှိအချိန်ထိ ပြည်သူ ၅၀၀၀၀၀ ကျော်ကို ဘေးလွတ်ရာရွှေ့ ပြောင်းခဲ့ရတယ်လို့ ကမ္ဘောဒီးယားက ပြောပါတယ်။
ဥပဒေနဲ့အညီ လုပ်ဆောင်တာဖြစ်ပြီး အရပ်သားဧရိယာတွေကို ဘယ်တော့မှ မတိုက်ခိုက်ဖူးလို့ ထိုင်းစစ်တပ်က ပြောပါတယ်။
ကမ္ဘောဒီးယားရဲ့ အရပ်သားဧရိယာတစ်ခုကို တိုက်ခိုက်မှုကြောင့် ပြည်သူ ၂၁၀၀၀၀ အိုးအိမ်စွန့် ခွာခဲ့ရတယ်လို့ ထိုင်းစစ်တပ်က ဆိုပါတယ်။
ဇူလိုင်လအတွင်း နယ်စပ်ပဋိပက္ခတွေ စတင်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အောက်တိုဘာလအတွင်း အပစ်အခတ်ရပ်စဲဖို့ အကျိုးဆောင်ပေးခဲ့ပါတယ်။
နယ်စပ်ဧရိယာဝန်းကျင်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိုင်းစစ်သားတွေ ဒဏ်ရာရရှိခဲ့လို့ အပစ်အခတ်ရပ်စဲရေးကို ရပ်ဆိုင်းကြောင်း ထိုင်းအစိုးရက ပြီးခဲ့တဲ့လအတွင်း ကြေညာခဲ့ပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ကိစ္စကို ဆွေးနွေးဖို့ ယနေ့ မလေးရှားနိုင်ငံမှာ တွေ့ဆုံမှာဖြစ်ပြီး နှစ်နိုင်ငံစလုံး အစည်းအဝေးသို့ တက်ရောက်ကြဖို့ မျှော်မှန်းရပါ တယ်။
ကိုးကား – NHK
Ref; Thailand, Cambodia continue clashes along disputed border