ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၂ ရက်

ဒီလနှောင်းပိုင်းမှာပြုလုပ်မယ့် ရွေးကောက်ပွဲဟာ တရားဝင်တယ်ဆိုတဲ့ မြန်မာစစ်အုပ်စုရဲ့ ပြော ဆိုချက်ကို နိုင်ငံတကာက ဆန့်ကျင်ရေး ဗြိတိန်နိုင်ငံက ဆော်သြဖို့နဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ပံ့ပိုး ကူညီမှု တိုးမြှင့်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးက တိုက် တွန်းလိုက်ပါတယ်။

“မြန်မာစစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဗြိတိန်နိုင်ငံက ပယ်ချတာ ကျွန်တော်ကို အားတက်စေပါတယ်။ အာရှတိုက်က အစိုးရအချို့လို့ လုပ်ဆောင်ဖို့ ဗြိတိန်အစိုးရကို ကျွန်တော် တိုက် တွန်းပါတယ်။ အတုအယောင် ရွေးကောက်ပွဲကို အပြင်းအထန် ပယ်ချဖို့က အများယုံကြည်လက်ခံနိုင် စွမ်းနဲ့ တရားဝင်မှုရဖို့ ကြိုးပမ်းနေတဲ့ မြန်မာစစ်အုပ်စုရဲ့နည်းလမ်းတွေကို ငြင်းပယ်ရာမှာ မရှိမဖြစ်လိုအပ် ပါတယ်” လို့ ၎င်းက ဗြိတိန်ခရီးစဉ်အပြီး ထုတ်ပြန်ချက်တစ်ခုမှာ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးရွားလာတာကို ဖြေရှင်းမယ့် ပိုမိုပြင်းထန် သော အစီအမံတွေ လုပ်ဆောင်ဖို့လည်း အန်ဒရူးက ဗြိတိန်အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

“မြန်မာစစ်တပ်ဟာ အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်မှုတွေ အရှိန်မြှင့်နေပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလနောက်ပိုင်း ဗြိတိန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်မံ မပြုလုပ်ခဲ့ပါဘူး” လို့ ၎င်းက ထောက်ပြပါတယ်။

“ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ထိတွေ့ဆက်ဆံမှု လျှော့နည်းလာတာကို ကျွန် တော် စိုးရိမ်မိပါတယ်” လို့ သူက ဆက်ပြောပါတယ်။

မြန်မာပြည်သူတွေဟာ သာမန်ထက်ပိုတဲ့ သတ္တိရှိမှုကို ပြသခဲ့ကြောင်း၊ မြန်မာပြည်သူတွေဟာ ၎င်းတို့ရဲ့ သံန္နိဌာန်ချထားမှုနဲ့ကိုက်ညီတဲ့ နိုင်ငံတကာရဲ့ တုံ့ပြန်မှုရဖို့ ထိုက်တန်ကြောင်း ၎င်းက ဆိုပါတယ်။

စစ်အုပ်စုရဲ့ လက်နက်နဲ့ဝင်ငွေရပေါက်တွေကို ကန့်သတ်နိုင်ပြီး အဓိက လူသားချင်းစာနာမှု အလှူ ရှင်အနေနဲ့ ဗြိတိန်နိုင်ငံက မြန်မာ့အရေးကို နိုင်ငံတကာက အလေးထားရေး လုပ်ဆောင်နိုင်တဲ့ အခြေအ နေမှာ ရှိနေပါတယ်” လို့ အန်ဒရူးက ပြောပါတယ်။

ကိုးကား – Scoop
Ref; UK Leadership Imperative As Myanmar’s Crisis Deepens Ahead Of Junta’s Announced Sham Elections: UN Expert