ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၂ ရက်
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရုရှားနိုင်ငံကို ဖိအားတိုးပေးဖို့ ယူကရိန်းသမ္မတ ဇီလန်စကီးက အမေရိကန်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။
ခြောက်လအတွင်း ယူကရိန်းနဲ့ရုရှားကြား ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အမေရိကန်နိုင်ငံက အဆိုပြုခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အမေရိကန်နိုင်ငံကသာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရုရှားနိုင်ငံကို နားချနိုင်တယ်လို့ ဇီလန်စ ကီးက ပြောပြီး ရုရှားကို ဖိအားတိုးပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
“သံတမန်ရေးရအရ မဟုတ်ရင် အပြည့်အဝ ဖိအားပေးမှု ရှိလာမယ်ဆိုတာ အမေရိကန်နိုင်ငံက ရှင်းလင်းစွာ ပြောရပါမယ်။ ပူတင်ဟာ အခုလိုမျိုး ဖိအားပေးမှု မကြုံရသေးပါဘူး။ ယူကရိန်းကို လက် နက်တွေ ပိုထောက်ပံ့ဖို့နဲ့ ရုရှားစီးပွားရေးတစ်ခုလုံးကို ဒဏ်ခတ်ပိတ်ဆို့ဖို့ လိုအပ်ပါတယ်” လို့ ၎င်းက ထောက်ပြပါတယ်။
အမေရိကန် အထူးကိုယ်စားလှယ် စတိဗ်ဝှစ်ကော့ခ်နဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့သားမက် ဂျာရက် ကက်ရှ်နာတို့ အကျိုးဆောင်ပေးတဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ ရုရှားကိုယ်စားလှယ် ကီရေးလ်ဒီမီထရက်ဗ် မီယာမီမြို့သို့ ရောက်ရှိချိန်မှာ ဇီလန်စကီးက အခုလို ပြောကြားလိုက်တာပါ။
အမေရိကန် ကိုယ်စားလှယ်တွေက ငြိမ်းချမ်းရေး စီမံချက်ကို လက်ခံဖို့ ယူကရိန်းကို တွန်းအား ပေးနေပါတယ်။ အဆိုပါအစီအစဉ်အရ အမေရိကန်က ယူကရိန်းကို လုံခြုံရေးအာမခံချက် ပေးရမှာဖြစ် ပြီး ယူကရိန်းက နယ်မြေအချို့ စွန့်လွှတ်ရမှာဖြစ်ပါတယ်။
မည်သည့်သဘောတူညီချက်ကိုမှ လက်သင့်ခံဖို့ ယူကရိန်းကို တွန်းအားမပေးဖို့ အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီး မာကိုရူဘီယိုက ကတိပြုခဲ့ပြီး ယူကရိန်းက သဘောမတူပါက မည်သည့် ငြိမ်းချမ်းရေး သဘောတူညီချက်မှ ရှိလာမှာမဟုတ်ဖူးလို့ ဆိုပါတယ်။
ယူကရိန်း၊ အမေရိကန်နဲ့ ရုရှားပါဝင်တဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ အမေရိကန်နိုင်ငံက အဆိုပြုခဲ့ တယ်လို့ စနေနေ့အစောပိုင်းမှာ ဇီလန်စကီးက ထုတ်ဖော်ပြောခဲ့ပါတယ်။
ကိုးကား – India Today
Ref; Zelenskyy urges US to step up pressure on Russia to end war in Ukraine