ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၁ ရက်
ထိုင်းနိုင်ငံက ဒီလနှောင်းပိုင်းမှာပြုလုပ်မယ့် မြန်မာ့ အထွေထွေရွေးကောက်ပွဲသို့ စောင့်ကြည့်လေ့ လာသူတစ်ဦးစေလွှတ်ဖို့ စီစဉ်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဖောင်ကတ်ကီယိုက ပြောပါ တယ်။
တိုကျိုမြို့တော်မှာ သောကြာနေ့က NHK သတင်းဌာနဲ့ အင်တာဗျူးတစ်ခုမှာ ၎င်းက အခုလို မှတ် ချက်ပြုခဲ့တာပါ။
အရပ်ဘက်အုပ်ချုပ်ရေးသို့ ပြောင်းလဲဖို့ လုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဒီဇင်ဘာလ ၂၈ ရက်မှစပြီး ရွေးကောက်ပွဲပြုလုပ်မယ်လို့ မြန်မာစစ်အုပ်စုက ပြောပါတယ်။
“လက်ရှိအခြေအနေအရ ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲတစ်ခု မဖြစ်နိုင်ပေမယ့် အပြုသဘောဆောင် တဲ့ တိုးတက်ရေးအတွက် အစပြုမှု ဖြစ်လာနိုင်ပါတယ်။ ထိုင်းနိုင်ငံက ရွေးကောက်ပွဲကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်လာတာကို မြင်တွေ့လိုပါတယ်” လို့ ၎င်းက ပြောပါတယ်။
စစ်အုပ်စုက ဒီမိုကရေစီအင်အားစုတွေကို ချန်လှပ်ထားတဲ့ ရွေးကောက်ပွဲကို ထောက်ခံမှုပေး တယ်လို့ ရှုမြင်မှာကို စိုးရိမ်တာကြောင့် အာဆီယံအဖွဲ့က မြန်မာရွေးကောက်ပွဲသို့ စောင့်ကြည့်လေ့လာသူ တွေ မစေလွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ စောင့်ကြည့်လေ့လာသူတစ်ဉီး စေလွှတ်ဖို့ အစီအစဉ်ဟာ မြန်မာရွေးကောက်ပွဲကို တ ရားဝင်မှုပေးဖို့ မရည်ရွယ်ဘဲ မြန်မာစစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံမှု ဆက်လုပ်ဖို့ဖြစ်တယ်လို့ ဆီဟာဆတ်က ဆိုပါတယ်။
အောက်တိုဘာလအတွင်း ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် ရရှိခဲ့ပေမယ့် ဒီလအစောပိုင်း မှာ ထိုင်းနဲ့ ကမ္ဘောဒီးယားကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံက သဘောတူညီချက်ကို ချိုးဖောက်ခဲ့ပြီး ထိုင်းနိုင်ငံဟာ အပစ်အခတ်ရပ်စဲ ရေး ဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ ဆီဟာဆတ်က ဆိုပါတယ်။
ကမ္ဘောဒီးယားနိုင်ငံက အပစ်အခတ်ရပ်စဲရေးကို အရင်ဆုံး တောင်းဆိုမယ်လို့ ထိုင်းနိုင်ငံက ယုံ ကြည်ကြောင်း ၎င်းက ပြောပါတယ်။
ထိုင်းနိုင်ငံက ငြိမ်းချမ်းရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့ ကမ္ဘောဒီးယားနိုင်ငံက ပြောပါတယ်။
ကိုးကား – NHK
Ref; Thai foreign minister: Thailand plans to send election observer to Myanmar