ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၁ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့ဟာ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ဗီဇာအစီအ စဉ်ကို ရပ်ဆိုင်းကြောင်း ကြေညာလိုက်ပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ ညွှန်ကြားချက်အရ အဆိုပါအစီအစဉ်ကို ရပ်ဆိုင်းဖို့ အမေရိကန် လူဝင်မှုကြီး ကြပ်ရေးဌာနသို့ ချက်ချင်း ညွှန်ကြားလိုက်ကြောင်း အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတီးနိုယမ်က ပြောပါ တယ်။
လူနှစ်ဉီး သေဆုံးခဲ့ပြီး ကိုးဉီး ဒဏ်ရာရရှိခဲ့တဲ့ ဘရောင်းတက္ကသိုလ် ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ယခု အစီအစဉ်ကို ရပ်ဆိုင်းလိုက်တာလို့ ၎င်းက ဆိုပါတယ်။
သေဆုံးလျက်တွေ့ရှိခဲ့တဲ့ သံသယရှိသူ ပေါ်တူဂီနိုင်ငံသားဟာ အဆိုပါအစီအစဉ်အရ အစိမ်းရောင် နေထိုင်ခွင့်ကတ်ပြားတစ်ခုကို ရရှိခဲ့တာလို့ သူက ဆက်ပြောပါတယ်။
အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်မှုနှုန်း သမိုင်းကြောင်းအရ နိမ့်ကျသောတိုင်းပြည်များမှ ပြည်သူများကို ယင်းအစီအစဉ်အရ နှစ်စဉ် ၅၅၀၀၀ အထိ ကံစမ်းမဲစနစ်ဖြင့် ရွေးချယ်ပြီး မဲပေါက်သူများကို အမြဲတမ်း နေထိုင်ခွင့်ပြုပါတယ်။
ဂျပန်နိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့ ရွှေ့ပြောင်းနေထိုင်သူများအတွက် အကျုံးဝင်တဲ့နိုင်ငံများစာ ရင်းမှာ ပါဝင်ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ သမ္မတပထမသက်တမ်းဖြစ်တဲ့ ၂၀၁၇ ခုနှစ်မှာ ယင်းအစီအစဉ်ကို ရပ်ဆိုင်းဖို့ ကြိုးပမ်းခဲ့ပြီး နယူးယောက်မြို့မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တစ်ခုမှာ သံသယရှိသူဟာ ရွှေ့ပြောင်းနေထိုင်သူများအတွက် ဗီဇာအစီအစဉ်အရ အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခဲ့တာလို့ ပြောပါ တယ်။
ရွှေ့ပြောင်းနေထိုင်သူများ ဗီဇာအစီအစဉ်ကြောင့် အမေရိကန်ပြည်သူတွေ ထပ်မံပြီး အန္တရာယ်မ ဖြစ်ရအောင် ယင်းအစီအစဉ်ကို ရပ်ဆိုင်းလိုက်တာလို့ ခရစ္စတီးက ပြောပါတယ်။
ကိုးကား – NHK
Ref; US pausing green card lottery program after Brown University shooting