ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၀ ရက်

 

လူနည်းစု မူဆလင်တွေဖြစ်တဲ့ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ် စွဲချက်ကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဇန်နဝါရီလ ၁၂ ရက်မှ ၂၉ ရက်အတွင်း ကြားနာမယ်လို့ အဆိုပါတရားရုံးက ဒီဇင်ဘာလ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

 

ကြားနာမှုပထမအပတ်မှာ အနောက်အာဖရိကမှ မူဆလင်အများစုရှိရာ ဂမ်ဘီယာနိုင်ငံက ဇန်နဝါ ရီလ ၁၂ ရက်မှ ၁၅ ရက်အထိ အမှုကို အကျဉ်းချုပ်တင်ပြမှာဖြစ်ပါတယ်။

 

အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ ကျောထောက်နောက်ခံနဲ့ ဂမ်ဘီယာနိုင်ငံဟာ ၂၀၁၉ ခုနှစ်မှာ တရားစွဲဆိုခဲ့ပြီး မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ တယ်လို့ စွပ်စွဲခဲ့ပါတယ်။

လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်ကို ငြင်းဆန်ခဲ့တဲ့ မြန်မာနိုင်ငံက ဇန်နဝါရီလ ၁၆ ရက်မှ ၂၀ ရက် အတွင်း အမှုကို ခုခံချေပခွင့် တင်ပြနိုင်ပါတယ်။

 

ထူးခြားသော လုပ်ဆောင်ချက်တစ်ခုအနေနဲ့ ကမ္ဘာ့တရားရုံးဟုလည်း လူသိများတဲ့ ICJ က သက် သေတွေကို ကြားနာဖို့အတွက် သုံးရက် သတ်မှတ်ပေးခဲ့ပြီး ကြားနာမှုတွေကို အများပြည်သူနဲ့ မီဒီယာများ ကို ပိတ်ထားမယ်လို့ သိရပါတယ်။

 

ရိုဟင်ဂျာ ၇၃၀,၀၀၀ ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်းထုတ်ခဲ့တဲ့ ၂၀၁၇ ခုနှစ် မြန်မာ စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုမှာ “လူမျိုးတုံးသတ်ဖြတ်မှု” ပါဝင်တယ်လို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေ ရေးမစ်ရှင်က ကောက်ချက်ချခဲ့ပါတယ်။

 

မြန်မာနိုင်ငံက ကုလသမဂ္ဂရဲ့ တွေ့ရှိချက်တွေကို “ဘက်လိုက်မှုနဲ့ ချို့ယွင်းချက်များ” ရှိတယ်လို့ဆို ကာ ပယ်ချခဲ့ပြီး နှိမ်နင်းမှုဟာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ ရိုဟင်ဂျာသူပုန်များကို ရည်ရွယ်တယ်လို့ ပြော ပါတယ်။

 

မြန်မာနဲ့ ဂမ်ဘီယာဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထား ပြီး ယင်းကွန်ဗင်းရှင်းဟာ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးအား အမှုတွင် တရားစီရင်ပိုင်ခွင့် ပေးထားပါ တယ်။

 

ကိုးကား – Reuters
Ref; World Court to hear landmark Myanmar genocide case in January