ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၀ ရက်
ရုရှားရဲ့ နောက်ဆုံးပေါ် အသံထက်မြန်တဲ့ တာလတ် ပဲ့ထိန်းဒုံးကျည်တွေကို ဘီလာရုဇ်နိုင်ငံမှာ ဖြန့်ကြက်ထားပြီး အသုံးပြုဖို့ အဆင်သင့်ဖြစ်နေပြီလို့ သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုက ပြောပါ တယ်။
အသံထက်မြန်တဲ့ ပဲ့ထိန်းဒုံးကျည် Oreshnik တွေ ယမန်နေ့က ဘီလာရုဇ်နိုင်ငံသို့ ရောက်လာခဲ့ပြီ လို့ ၎င်းက ဆိုပါတယ်။
ရုရှားနိုင်ငံက ဘီလာရုဇ်သို့ အဆိုပါဒုံးကျည်တွေ ပို့ဆောင်မှုကို စတင်လိုက်ပြီလို့ လူကာရှန်ကိုက စက်တင်ဘာလအတွင်း ထုတ်ဖော်ပြောခဲ့ပါတယ်။
Oreshnik ဆိုတာ နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သော တာလတ် ပဲ့ထိန်းဒုံးကျည်တစ်မျိုး ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါဒုံးကျည်ဟာ Mach 10 နှုန်းနဲ့ ပစ်ခတ်နိုင်ကာ အများဆုံး အကွာအဝေး ကီလိုမီတာ ၅၅၀၀ အထိ ရောက်ရှိနိုင်တယ်လို့ ရုရှားနိုင်ငံက ပြောပါတယ်။
ရုရှားနိုင်ငံဟာ ယူကရိန်းအရှေ့ပိုင်း Dnipro မြို့ကို တိုက်ခိုက်ဖို့ ပြီးခဲ့တဲ့နှစ်က Oreshnik ဒုံး ကျည်ကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ပါတယ်။
လူကာရှန်ကိုဟာ ဉရောပတိုင်းပြည်တွေအထိ ရောက်ရှိနိုင်တဲ့ Oreshnik ဒုံးကျည်တွေ ဖြန့်ကြက် မှုကို ကြေညာခြင်းအားဖြင့် ယူကရိန်းအရေးနဲ့ပတ်သက်လို့ အဆိုပါတိုင်းပြည်တွေကို ထိန်းညှိဖို့ ရည်ရွယ် နေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ကိုးကား – NHK
Ref; Russia’s new nuclear-capable missile ‘deployed in Belarus and ready for use’