ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၀ ရက်
အမေရိကန်နိုင်ငံက ထိုင်ဝမ်သို့ ဒေါ်လာ ၁၁ ဒသမ ၁ ဘီလီယံတန်ကြေးရှိ စစ်လက်နက်တွေ ရောင်းချမယ့်အစီအစဉ်ကို လက်တုံ့ပြန်မှုအဖြစ် တရုတ်စစ်တပ်က လေ့ကျင့်မှု အရှိန်မြှင့်ကာ အချုပ်အခြာ အာဏာနဲ့ ပိုင်နက်နယ်မြေတည်တံ့မှုကို ကာကွယ်မယ့် အစီအမံတွေ လုပ်ဆောင်မယ်လို့ ကာကွယ်ရေးဝန် ကြီးဌာနက ပြောပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်အပေါ် စစ်ရေးနဲ့ နိုင်ငံရေးဖိအားပေးမှု အရှိန်မြှင့်နေချိန်မှာ အမေရိကန်က ထိုင်ဝမ်သို့ ပမာဏအများဆုံး စစ်လက်နက်တွေ ရောင်းချမယ်လို့ ကြေညာလိုက်တာပါ။
ထိုင်ဝမ်သို့ စစ်လက်နက်ရောင်းချမှုကို ချက်ချင်း ရပ်ဆိုင်းဖို့နဲ့ ထိုင်ဝမ်လွတ်လပ်ရေးတပ်ဖွဲ့ကို မ ထောက်ခံပါဘူးဆိုတဲ့ ကတိကဝတ်ကို လိုက်နာစောင့်ထိန်းဖို့ အမေရိကန်ကို တိုက်တွန်းတယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
“ထိုင်ဝမ် ခွဲထွက်ရေးသမားတွေဟာ စစ်အင်အားကို အားထားခြင်းအားဖြင့် လွတ်လပ်ရေးရဖို့ ကြိုး ပမ်းရာမှာ အမေရိကန် လက်နက်ပွဲစားတွေ ကြီးပွားအောင် ထိုင်ဝမ်ပြည်သူတွေရဲ့ ငွေကြေးတွေကို ဖြုန်း တီးနေပါတယ်” လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
တရုတ်စစ်တပ်ဟာ လေ့ကျင့်ရေးနဲ့ တိုက်ခိုက်ရေး အသင့်ဖြစ်မှု အရှိန်မြှင့်ကာ အချုပ်အခြာအာ ဏာနဲ့ ပိုင်နက်နယ်မြေတည်တံ့မှုကို ကာကွယ်စောင့်ရှောက်မယ့် အစီအမံတွေ လုပ်ဆောင်ပြီး ထိုင်ဝမ် လွတ်လပ်ရေးအတွက် ခွဲထွက်ရေးဝါဒနဲ့ ပြည်ပစွက်ဖက်ဖို့ ကြိုးပမ်းမှုတွေကို တိုက်ဖျက်သွားပါမယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အမေရိကန်က ထိုင်ဝမ်သို့ရောင်းချမယ့် စစ်လက်နက်တွေထဲမှာ လောဟိမာတင်ကုမ္ပဏီက ထုတ် လုပ်ပြီး ရုရှားတပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာ ယူကရိန်းက အသုံးပြုတဲ့ HIMARS ဒုံးစနစ်တွေ ပါဝင်ပါ တယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒီဇင်ဘာလ ၁၈ ရက်မှာ ဒေါ်လာ ၁ ထရီလီယံနီးပါး တန် ကြေးရှိ ကာကွယ်ရေးမူဝါဒဥပဒေကို လက်မှတ်ရေးထိုးခဲ့ရာ ထိုင်ဝမ်သို့ ဒေါ်လာ ၁ ဘီလီယံ ထောက်ပံ့ကာ အမေရိကန်တပ်ဖွဲ့တွေက ထိုင်ဝမ်တပ်ဖွဲ့ကို လေ့ကျင့်ပေးဖို့ ခွင့်ပြုခဲ့ပါတယ်။
တရုတ်က ထိုင်ဝမ်သမ္မတ လိုင်ချင်တေးနဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းချက်တွေကို အကြိမ်ကြိမ် ပယ်ချ ကာ ၎င်းကို ခွဲထွက်ရေးသမားတစ်ဉီးလို့ ပြောပါတယ်။
ကိုးကား – Reuters
Ref; China threatens ‘forceful measures’ over US arms sales package to Taiwan