ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၉ ရက်

ယူကရိန်းနိုင်ငံရဲ့ စစ်ရေးနဲ့ ငွေကြေးလိုအပ်ချက်တွေကို ငွေကြေးထောက်ပံ့နိုင်ရန် ထိန်းချုပ်ခံ ရု ရှားနိုင်ငံပိုင်ငွေကြေးတွေကို အသုံးပြုဖို့ သမ္မတ ဇီလန်စကီးက ဥရောပခေါင်းဆောင်တွေကို တိုက်တွန်း လိုက်ပါတယ်။

ယူကရိန်းသို့ အတိုးမဲ့ချေးငွေ ထောက်ပံ့ရေးကိစ္စ ဆွေးနွေးဖို့ ဉရောပသမဂ္ဂ ခေါင်းဆောင်တွေဟာ ကြာသပတေးနေ့က ဘယ်လ်ဂျီယမ်နိုင်ငံမှာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။

အဆိုပါချေးငွေ အစီအစဉ်အရ ဉရောပသမဂ္ဂဟာ လာမယ့်နှစ်နှစ်အတွင်း ယူကရိန်းသို့ ဒေါ်လာ ၁၀၆ ဘီလီယံ ထောက်ပံ့မှာဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံဟာ အကူအညီ အရေးတကြီး လိုအပ်နေပြီး သေချာပေါက် လိုငွေ ယူရို ၅၀ ဘီလီ ယံခန့် ရှိလာမယ်လို့ ဇီလန်စကီးက ပြောပါတယ်။

“နောက်နှစ်မှာ ဘာတွေဖြစ်မယ်ဆိုတာ ကျွန်တော်တို့ အတိအကျ မသိပါဘူး။ မကြာမီ စစ်ပွဲပြီး ဆုံးဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးပမ်းနေပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

ယူကရိန်းနိုင်ငံက ငွေကြေးအကူအညီ မရရှိပါက ဒရုန်းထုတ်လုပ်မှု လျှော့နည်းသွားမယ်လို့ ဇီ လန်စကီးက အလေးထားပြောပါတယ်။

ဘယ်လ်ဂျီယမ် ငွေကြေးအဖွဲ့အစည်းတစ်ခုက ပြည်ပရှိ ရုရှားနိုင်ငံပိုင်ငွေကြေး အများစုကို ထိန်း ချုပ်ထားပါတယ်။
ဘယ်လ်ဂျီယမ်းနိုင်ငံက ရုရှားနဲ့တုံ့ပြန်မှုနဲ့ပတ်သက်လို့ စိုးရိမ်နေပြီး ဉရောပသမဂ္ဂ အဖွဲ့ဝင်အချို့ က အဆိုပါအစီအစဉ်ကို မဆုံးဖြတ်ရသေးပါဘူး။

ကိုးကား – NHK
Ref; Zelenskyy urges EU to use frozen Russian assets