ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၉ ရက်

အမေရိကန်နိုင်ငံရဲ့ ဖိအားတိုးပေးမှု ရင်ဆိုင်နေရတဲ့ ဗင်နီဇွဲလားခေါင်းဆောင်တွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကို နောက်အပတ်အင်္ဂါနေ့မှာ ပြုလုပ်ဖို့ မျှော်မှန်းရပါ တယ်။

ဗင်နီဇွဲလားသမ္မတ နီကိုးလပ်မာဒူရိုဟာ ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီ ယိုဂူတာရက်စ်နဲ့ ဖုန်းပြောဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဖိအားပေးမှုနဲ့ပတ်သက်လို့ ဗင်နီဇွဲလားနိုင်ငံက ကြေညာ ချက်တစ်ရပ် ထုတ်ပြန်ကာ ဒေါ်နယ်ထရမ့်ဟာ ရေတပ်ဆိုင်ရာပိတ်ဆို့မှု ပြုလုပ်ခြင်းအားဖြင့် ဗင်နီဇွဲလား နိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုကို ခိုးယူဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂက ယင်းလုပ်ရပ်မျိုးကို ပယ်ချရမယ်လို့ မာဒူရိုက ဂူတာရက်စ်ကို ပြောကြားခဲ့ပြီး ငြိမ်း ချမ်းရေး၊ နိုင်ငံတကာဉပဒေနဲ့ ဗင်နီဇွဲလားနိုင်ငံရဲ့ အချုပ်အခြာအာဏာအတွက် ခြိမ်းခြောက်မှုတစ်ခုလို့ ဆို ပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေဟာ စိတ်ရှည်သည်းခံမှု ကျင့်သုံးကာ တင်းမာမှုတွေ လျှော့ချရမယ်ဆိုတဲ့ ရပ် တည်ချက်ကို ဂူတာရက်စ်က ထပ်လောင်းအတည်ပြုခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

တရုတ် တာဝန်ရှိသူတွေကလည်း ဗင်နီဇွဲလားနိုင်ငံကို ပံ့ပိုးကူညီဖို့ ကမ်းလှမ်းနေပြီး တရုတ် နိုင်ငံ ခြားရေးဝန်ကြီး ဝမ်ယိက ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီးနဲ့ အဆိုပါကိစ္စကို ဆွေးနွေးခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ တစ်ဖက်သတ် အနိုင်ကျင့်မှုပုံစံအားလုံးကို ဆန့်ကျင်တယ်လို့ ဝမ်ယိက ထုတ် ဖော်ပြောခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ကိုးကား – NHK
Ref; Venezuela calls for United Nations Security Council meeting