ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်

အမေရိကန်အစိုးရဟာ ထိုင်ဝမ်သို့ ဒေါ်လာ ၁၁ ဒသမ ၁ ဘီလီယံတန်ကြေးရှိ စစ်လက်နက်တွေ ရောင်းချဖို့ ဆက်လုပ်ဆောင်နေတယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ပြောကြားခဲ့ရာ ထိုင်ဝမ်သို့ အမေရိကန်ရဲ့ ပမာဏအများဆုံး စစ်လက်နက်ရောင်းချမှု ဖြစ်လာမယ်လို့ သိရပါတယ်။

ထိုင်ဝမ်သို့ စစ်လက်နက်ရောင်းချမှုဟာ သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ ဒုတိယအကြိမ်ဖြစ် ပြီး တရုတ်က ထိုင်ဝမ်အပေါ် စစ်ရေးနဲ့ သံတမန်ရေးဖိအား တိုးပေးနေချိန်မှာ ယခုလို ဖြစ်လာတာပါ။

အဆိုပြုထားတဲ့ စစ်လက်နက်ရောင်းချမှုမှာ HIMARS ဒုံးကျည်တွေ၊ ဟောင်ဝှစ်ဇာအမြောက် တွေ၊ တင့်ဖျက်ဒုံးတွေ၊ ဒရုန်းတွေနဲ့ အခြားစစ်လက်နက် အစိတ်အပိုင်းတွေ ပါဝင်မယ်လို့ ထိုင်ဝမ် ကာ ကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

စစ်လက်နက်ရောင်းချမယ့် အစီအစဉ်ဟာ အမေရိကန်ကွန်ဂရက်ကို အသိပေးတဲ့အဆင့်သာ ရှိ သေးပြီး ကွန်ဂရက်က အတည်ပြု မပြု ဆုံးဖြတ်မယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါ တယ်။

စစ်ပွဲကို ဆင်နွှဲနိုင်ဖို့ အမေရိကန်နိုင်ငံရဲ့ တွန်းအားပေးမှုကြောင့် ထိုင်ဝမ်ဟာ စစ်တပ်ကို ပြောင်း လဲဖို့ လုပ်ဆောင်နေပါတယ်။

အမေရိကန် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီး လင်ချာလန်ရဲ့ ပြီးခဲ့တဲ့အ ပတ် ဝါရှင်တန်ခရီးစဉ်အပြီးမှာ အမေရိကန်က ထိုင်ဝမ်သို့ စစ်လက်နက်ရောင်းချဖို့ ကြေညာချက် ထုတ် လာတာပါ။

တရုတ်နိုင်ငံက ထိုင်ဝမ်ကို လက်အောက်ခံပိုင်နက်အဖြစ် ရှုမြင်ပေမယ့် ထိုင်ဝမ်အစိုးရက ပယ်ချ ထားပါတယ်။

ကိုးကား – Reuters
Ref; Taiwan says US proceeding with $14.3 billion arms package, largest ever