ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်
ဗင်နီဇွဲလားနိုင်ငံသို့ အဝင်/အထွက် ပြုလုပ်နေတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုခံထားရတဲ့ ရေနံတင်သင်္ဘော တွေကို ပိတ်ဆို့ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ပေးခဲ့ရာ သမ္မတ နီကိုးလတ်မာဒူရိုအစိုးရ အား အမေရိကန်ရဲ့ ဖိအားပေးမှု အရှိန်မြှင့်လာမှု ဖြစ်ပါတယ်။
ဗင်နီဇွဲလားအစိုးရဟာ မူးယစ်ဆေးမှောင်ခိုကူးမှုနဲ့ အကြမ်းဖက်မှုဝါဒကို ငွေကြေးထောက်ပံ့ဖို့ ရေ နံဝင်ငွေကို သုံးစွဲနေတယ်လို့ ဒေါ်နယ်ထရမ့်က စွပ်စွဲခဲ့ပါတယ်။
“တရားမဝင် မာဒူရိုအစိုးရဟာ မူးယစ်ဆေး အကြမ်းဖက်မှု၊ လူမှောင်ခိုကူးမှု၊ လူသတ်မှုနဲ့ ပြန်ပေး ဆွဲမှုကို ငွေကြေးထောက်ပံ့ဖို့ ရေနံမှဝင်ငွေတွေကို သုံးစွဲနေပါတယ်” လို့ ၎င်းက လူမှုကွန်ရက်မှာ ရေးသား ခဲ့ပါတယ်။
ဗင်နီဇွဲလားစစ်အစိုးရကို ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်လိုက်ပါတယ် လို့ သူက ဆက်ပြောပါတယ်။
ဒီဇင်ဘာလ ၁၀ ရက်မှာ အမေရိကန် အာဏာပိုင်တွေဟာ ဗင်နီဇွဲလားကမ်းလွန်မှာ ရေနံတင် သင်္ဘောတစ်စင်းကို သိမ်းဆည်းခဲ့ပါတယ်။
ရေနံတင်သင်္ဘော ၆ စင်းနဲ့ ကုမ္ပဏီ ၆ ခုကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်မံပြုလုပ်ကြောင်း အမေ ရိကန်နိုင်ငံက နောက်တစ်ရက်မှာ ကြေညာခဲ့ပြီး ဗင်နီဇွဲလားအစိုးရကို ငွေကြေးထောက်ပံ့တယ်လို့ စွပ်စွဲ လိုက်ပါတယ်။
ဒဏ်ခတ်ပိတ်ဆို့မှုဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ အလျှံပယ်ပေါများတဲ့ ရေနံအရင်းအမြစ်များမှ ဝင်ငွေ တွေအတွက် ထိုးနှက်ချက်တစ်ခုအဖြစ် ရှုမြင်ထားပါတယ်။
အမေရိကန်အစိုးရဟာ ဗင်နီဇွဲလားနိုင်ငံအပေါ် စစ်ရေးဖိအား အရှိန်မြှင့်နေပြီး မူးယစ်ဆေး မှောင် ခိုကူးနေတဲ့ ရေယာဉ်တွေကို ကာရစ်ဘီယံပင်လယ်အတွင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဗင်နီဇွဲလားအစိုးရက ကြေညာချက်တစ်ရပ် ထုတ်ပြန်ကာ အမေရိကန်သမ္မတဟာ ဗင်နီဇွဲလားနိုင် ငံကို ရေတပ်ပိတ်ဆို့မှုပြုလုပ်ဖို့ ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံရဲ့ပိတ်ဆို့မှုဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ ကြွယ်ဝမှုကို ခိုးယူဖို့ ရည်ရွယ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
ကိုးကား – NHK
Ref; Trump orders blockade of sanctioned oil tankers into and out of Venezuela