ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်
နိုင်ငံကျော် ဟာသရုပ်ဆောင် ညောင်ညောင် ( ခ) ဦးညီညီလှိုင်သည် အသက် (၆၂ )နှစ်အရွယ်တွင်ကွယ်လွန်သွားပြီး ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ် မည်ဖြစ်ကြောင်း အနုပညာရှင်များထံမှ သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်ရှိ OSC အထူးဆေးရုံမှာ ဆေးကုသနေစဉ်ကွယ်လွန်သွားကြောင်းသိရသည်။
“ကိုညီရေ ဒီတစ်ခါတော့တကယ်နှုတ်ဆက်သွားပြီပေါ့။ သံသတရာတကွေ့ပြန်တွေ့ကြရအောင်ဗျာ ” ဟု သူငယ်ချင်းဖြစ်သူ လွင်မိုးက ဝမ်းနည်းစကားဆိုထားသည်။

သရုပ်ဆောင်ညောင်ညောင်သည် အတိတ်မေ့သွားသဖြင့်ဆေးရုံတွင်နှစ်ရှည်ဆေးကုသမှုခံရပြီး အသည်းခြောက်အတွက်ဆေးကုသနေချိန် ပန်ကရိယကင်ဆာဖြင့်ကွယ်လွန်ကြောင်း သိရသည်။
ဝါရင့်ဟာသသရုပ်ဆောင် ညောင်ညောင် (ခ) ဦးညီညီလှိုင်ကွယ်လွန်ချိန်မှာ ဇနီး၊သမီးနှင့် မြေးတို့ကျန်ရစ်ခဲ့သည်။
ဟာသသရုပ်ဆောင်ညောင်ညောင် မကြာခင်ရိုက်ထားသောဇာတ်ကား ” ဂေါင်းကြီးတို့ ပြန်လာပြီ ၂ ” သည် နောက်ဆုံးဇာတ်လမ်းဖြစ်သွားရသည်။
ရုပ်ရှင်နှင့်ဗွီဒီယိုဝါရင့်ဟာသသရုပ်ဆောင်များထဲမှ ညောင်ညောင်အပါအဝင် ကင်းကောင်၊ ဖိုးဖြူ၊ ကုသိုလ်၊ မေတ္တာနှင့် တာတူးတို့သေဆုံးသွားပြီဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်/ နာရေးကူညီမှုအသင်းရန်ကုန်