ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်

အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခွင့် ပိတ်ပင် သို့မဟုတ် တစ်စိတ်တစ်ပိုင်း ကန့်သတ်ထားတဲ့ တိုင်း ပြည်အရေအတွက်ကို လက်ရှိ ၁၉ နိုင်ငံမှ ၃၉ နိုင်ငံအထိ သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက တိုးချဲ့လိုက်ပါ တယ်။

အမေရိကန်အစိုးရဟာ ဇွန်လအတွင်း အာဖဂန်နစ္စတန်နဲ့ အီရန် အပါအဝင် ၁၂ နိုင်ငံမှ ပြည်သူတွေ ကို ပြည်ဝင်ခွင့် ပိတ်ပင်ကာ ၇ နိုင်ငံမှ ပြည်သူတွေကို တစ်စိတ်တစ်ပိုင်း ပြည်ဝင်ခွင့် ကန့်သတ်ခဲ့ပါတယ်။

ပြည်ပအကြမ်းဖက်သမားတွေနဲ့ အခြား အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုတွေရန်မှ ကာကွယ်ဖို့ ပြည်ဝင်ခွင့်ပိတ်ပင်မှု လိုအပ်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

နောက်လမှာ အာဏာတည်မယ့် ကြေညာချက်မှာ အမေရိကန်အစိုးရဟာ ဘာကီနာဖာဆိုနဲ့ ဆီးရီး ယားကို ပြည်ဝင်ခွင့်ပိတ်ပင်တဲ့စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။

အမေရိကန်အစိုးရက တစ်စိတ်တစ်ပိုင်း ပြည်ဝင်ခွင့်ပိတ်ပင်ထားတဲ့ လာအိုနဲ့ ဆီယာရာလီယွန်ကို လည်း ပြည်ဝင်ခွင့်ပိတ်ပင်တဲ့စာရင်းသို့ ရွှေ့ပြောင်းလိုက်ပါတယ်။

နိုင်ဂျီးရီးယား အပါအဝင် နောက်ထပ် ၁၅ နိုင်ငံကို တစ်စိတ်တစ်ပိုင်း ပြည်ဝင်ခွင့်ပိတ်ပင်တဲ့ ကန့် သတ်ချက်တွေ ပြုလုပ်ခဲ့ပါတယ်။

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ ထုတ်ပေးတဲ့ ခရီးသွား အထောက်အထားစာရွက်ရှိသူတွေကို လည်း အမေရိကန်အစိုးရက ပြည်ဝင်ခွင့်ပိတ်ပင်မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လအတွင်း အာဖဂန်အမျိုးသားတစ်ဉီးက ဝါရှင်တန်ဒီစီမြို့တော်မှာ အမျိုးသားအစောင့် တပ်ဖွဲ့ဝင်နှစ်ဉီးကို ပစ်ခတ်ပြီးနောက် အမေရိကန်အစိုးရက လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေကို တင်းကျပ် လိုက်တာပါ။

အဆိုပါဖြစ်စဉ်ကြောင့် တတိယတိုင်းပြည်များမှ ရွှေ့ပြောင်းအခြေချမှုကို အမြဲ ရပ်ဆိုင်းမယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ကိုးကား – NHK
Ref; Trump expands US entry ban, partial restrictions to 39 countries