ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၇ ရက်

ပင်လယ်နက်ရှိ ဆိပ်ကမ်းတစ်ခုမှာ ရုရှားရေငုပ်သင်္ဘောတစ်စင်းကို ပထမဆုံးအကြိမ် ရေအောက် ဒရုန်းနဲ့ တိုက်ခိုက်မှုကို အောင်မြင်စွာ လုပ်ဆောင်ခဲ့တယ်လို့ ယူကရိန်းနိုင်ငံက ပြောပါတယ်။

ရုရှားနိုင်ငံတောင်ပိုင်း၊ နိုဗိုရိုဆီယက်ခ်မြို့ရှိ ဆိပ်ကမ်းတစ်ခုမှာ ဆိုက်ကပ်ထားတဲ့ ရုရှားရဲ့ ကီလို အတန်းအစား ရေငုပ်သင်္ဘောတစ်စင်းကို ရေအောက်ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း ထောက် လှမ်းရေးဌာနက တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။

တိုက်ခိုက်မှုဟာ ယူကရိန်းရေတပ်နဲ့ ပူးတွဲ လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတစ်ခုဖြစ်တယ်လို့ ယူက ရိန်း ထောက်လှမ်းရေးဌာနက ဆိုပါတယ်။ ရုရှားက ယူကရိန်းနိုင်ငံရှိ ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ ခရုဇ်ဒုံးကျည်ပစ်စင် (၄) ခု ကို ရေငုပ်သင်္ဘောက သယ်ဆောင်လာတယ်လို့ သိရပါတယ်။

အလားတူ ရေငုပ်သင်္ဘောတစ်စင်း တည်ဆောက်ပါက ဒေါ်လာ သန်း ၅၀၀ အထိ ကုန်ကျမယ်လို့ ယူကရိန်း ထောက်လှမ်းရေးဌာနက ဆိုပါတယ်။

ယခုတိုက်ခိုက်မှုဟာ ရုရှားရဲ့ ယူကရိန်းကို ဒုံးကျည်တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်စွမ်းကို ဖျက်ဆီးတဲ့ မဟာဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်းလို့ ယူကရိန်းမီဒီယာတွေက ဖော်ပြပါတယ်။ယူကရိန်းနိုင်ငံရဲ့ ဖော်ပြချက်ဟာ ပကတိအရှိတရားနဲ့ မကိုက်ညီဘူးလို့ ရုရှား ကာကွယ်ရေးဝန် ကြီးဌာနက ပြောပါတယ်။

ယူကရိန်းရဲ့ တိုက်ခိုက်ဖို့ကြိုးပမ်းမှုဟာ မအောင်မြင်ခဲ့သလို နိုဗိုရိုဆီယက်ခ် ရေတပ်အခြေစိုက်စခန်းမှာ တပ်စွဲထားတဲ့ စစ်သင်္ဘော သို့မဟုတ် ရေငုပ်သင်္ဘောအပြင် ပင်လယ်နက်ရေယာဉ်အုပ်မှ အမှုထမ်းတွေ ထိခိုက်ဒဏ်ရာရရှိတာ မရှိခဲ့ဘူးလို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ကိုးကား – NHK
Ref; Ukraine says underwater drones strike and disable Russian submarine