ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၇ ရက်

 

ဗြိတိန်အစိုးရဟာ ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်မယ့် မြန်မာစစ်အုပ်စုရဲ့ အတုအယောင် ရွေး ကောက်ပွဲကို ဆန့်ကျင်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ မပတ်သက်သင့်ဘူးလို့ Burma Campaign UK က “Beyond the Ballot” လို့ အမည်ပေးထားတဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

 

စစ်လက်နက်ဝယ်ယူရာမှာ အသုံးပြုတဲ့ နိုင်ငံပိုင်ဘဏ်တွေ၊ Mytel နဲ့ လေယာဉ်ဆီ အရင်းအမြစ်တွေ အပါအဝင် မြန်မာစစ်တပ်ရဲ့ ဝင်ငွေနဲ့လက်နက် အရင်းအမြစ်တွေကို ဒဏ်ခတ်ပိတ်ဆို့မှု ပြန်လည်စ တင်ဖို့ Burma Campaign UK က ဗြိတိန်အစိုးရကို အကြံပေးထားပါတယ်။

 

အကူအညီဖြတ်တောက်မှု ရုတ်သိမ်းကာ မြန်မာနိုင်ငံမှ ဒုက္ခသည်တွေအတွက် ပံ့ပိုးကူညီမှု တိုးမြှင့် သင့်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး အဖြေသစ်ရှာဖို့ နည်းလမ်းတွေ ကြံဆသင့်တယ် လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

ဗြိတိန်နိုင်ငံရှိ မြန်မာစစ်သံမှူးကို နှင်ထုတ်သင့်တယ်လို့ အစီရင်ခံစာက ဗြိတိန်အစိုးရကို အကြံပြု ထားပါတယ်။ဗြိတိန်ခေါင်းဆောင်ပိုင်းက မြန်မာပဋိပက္ခကို ဖြေရှင်းသင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသ မဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးက ပြောကြားပြီးနောက် အခုလို အစီ ရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။

 

“မြန်မာစစ်တပ်က အရပ်သားပစ်မှတ်တွေအပေါ် တိုက်ခိုက်မှုတွေ အရှိန်မြှင့်ပေမယ့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလနောက်ပိုင်း ဗြိတိန်နိုင်ငံဟာ မြန်မာစစ်အစိုးရကို ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေ လုပ် ဆောင်ခဲ့တာ မရှိပါဘူး။ ဗြိတိန်နိုင်ငံဟာ မြန်မာ့အရေး အဖြေရှာရာမှာ အဆုံးအဖြတ်ပေးတဲ့ အခန်း ကဏ္ဍမှ ပါဝင်နိုင်ပါတယ်” လို့ သူက ဆိုပါတယ်။

 

မြန်မာစစ်တပ်က ထာဝရအုပ်ချုပ်ဖို့ အတုအယောင်ရွေးကောက်ပွဲ စီစဉ်နေချိန်မှာ ဗြိတိန်အစိုးရ က ဝင်ငွေနဲ့လက်နက် အရင်းအမြစ်တွေကို ဖြတ်တောက်ဖို့ လိုအပ်ပါတယ်” လို့ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး မတ်ခ်ဖာမန်နာက ပြောပါတယ်။

 

ကိုးကား – https://burmacampaign.org.uk/
Ref; The crisis in Burma and what the British Government should do about it: Burma Campaign UK new briefing