ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၆ ရက်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သေဆုံးသွားဖွယ်ရှိကြောင်း သားဖြစ်သူကိုထိန်လင်းထုတ်ဖော်ပြောဆိုပြီးတစ်ရက်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာကောင်းကြောင်း သက်သေပြချက်မပါဘဲ စစ်ကော်မရှင်က ယနေ့သတင်းထုတ်ပြန်သည်။
စစ်ကော်မရှင်ကျင်းပမည့်အတုအယောင် ရွေးကောက်ပွဲနီးချိန်တွင် အချိန်ကိုက်သတင်းမှားလွှင့်တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း စစ်ကော်မရှင်ကထုတ်ပြန်သည်။
မိခင်ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအပါအဝင်သတင်းစကားမကြားရသည်မှာ နှစ်နှစ်ကျော်ကြာမြင့်နေပြီးဖြစ်၍ အကျဉ်းထောင်အတွင်းမိခင်ဖြစ်သူသေဆုံးသွားနိုင်ကြောင်း သား ကိုထိန်းလင်းက ထုတ်ဖော်ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတရားခွင်တစ်ခုမှသာ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့မြင်ရပြီးနောက် သူမ၏ရှေ့နေအဖွဲ့များအပါအဝင် မိသားစု ထောင်ဝင်စာတွေ့ခွင့်မရဘဲ မည်သည့်နေရာတွင်ထားရှိသည်ကိုထုတ်ဖော်ပြောဆိုခြင်းမရှိသော စစ်ကော်မရှင်က ကျန်းမာရေး ကောင်းကြောင်းထုတ်ပြန်လာခြင်းဖြစ်သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က ဆူပူလှုံ့ဆော်မှု၊ အဂတိလိုက်စားမှုနှင့် ရွေးကောက်ပွဲဆိုင်ရာလိမ်လည်မှုအပါအဝင်ပြစ်မှုများအတွက် ထောင်ဒဏ် ၂၇ နှစ်ချမှတ်ထားပြီး ယင်းစွဲချက်အားလုံးကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုထားသည်။
စစ်ကော်မရှင်က အရေးကြီးသည့်နေ့ထူးနေ့မြတ်များတွင် အကျဉ်သားများကိုလွှတ်ပေးတတ်သည့်အတွက် အာဏာသိမ်းစစ်တပ်က မိခင်ဖြစ်သူနှင့်ပတ်သက်ပြီး တစ်ခုခုဆောင်ရွက်ပေးရန်၊ အမြန်ဆုံးလွှတ်ပေးရန်သားဖြစ်သူ ကိုထိန်လင်း တောင်းဆိုလျက်ရှိသည်။
ဓာတ်ပုံ – RFA , NLD