ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၅ ရက်
ထိုင်းနဲ့ ကမ္ဘောဒီးယားက အပစ်အခတ်ရပ်စဲရေး စာချုပ်သစ်ကို သဘောတူခဲ့ပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားပြီး နှစ်ရပ်အကြာမှာ ပဋိပက္ခဟာ အငြင်းပွားနယ်စပ် ကမ်းရိုးတန်း ဒေသတွေအထိ ပျံ့နှံ့လာလို့ ကမ္ဘောဒီးယားသို့ လောင်စာဆီတင်ပို့မှု ပိတ်ပင်ဖို့ စဉ်းစားနေတယ်လို့ ထိုင်း စစ်တပ်က ပြောပါတယ်။
လောင်စာဆီတင်တဲ့ သင်္ဘောတွေကို သတိထားဖို့ ရေတပ်ကို ပြောဆိုတာနဲ့ ကမ္ဘောဒီးယားဆိပ် ကမ်းတွေအနီး အန္တရာယ်ဇုန်တွေ သတ်မှတ်တာ အပါအဝင် ထိုင်းစစ်တပ်မှူးတွေဟာ ကမ္ဘောဒီးယားသို့ လောင်စာဆီတင်ပို့မှု ပိတ်ပင်ဖို့ ဆွေးနွေးနေတယ်လို့ ရေတပ်အရာရှိတစ်ဉီးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ မည်သည့် ညွှန်ကြားချက်မှ မရှိကြောင်း၊ ထိုကိစ္စကို တနင်္လာနေ့ လုံခြုံရေး ဆိုင်ရာ အစည်းအဝေးမှာ ဆွေးနွေးမယ်လို့ တော်ဝင်ထိုင်းရေတပ်၊ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ နာ ရာခွန်ကိုသွမ်က ပြောပါတယ်။
ထိုင်းနိုင်ငံဟာ ဇွန်လကတည်းက ကမ္ဘောဒီးယားသို့ လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းခဲ့တယ်လို့ ထိုင်း စွမ်းအင်ဝန်ကြီးဌာနက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က ကမ္ဘောဒီးယားနိုင်ငံသို့ လောင်စာဆီ လီတာ ၂ ဒသမ ၂ ဘီလီယံ တင် ပို့ခဲ့တယ်လို့ စွမ်းအင်ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဂျက်တိုက်လေယာဉ်တွေ အသုံးပြုတာ၊ အရပ်သားဧရိယာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာ တွေ အပါအဝင် အရပ်ဘက် အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တယ်လို့ ကမ္ဘောဒီးယားက ထိုင်းကို စွပ်စွဲခဲ့ပါတယ်။
ယခုအကြိမ် နယ်စပ်ပဋိပက္ခကြောင့် စစ်သား ၁၆ ဉီး ကျဆုံးပြီး အရပ်သား ၁၀ ဉီး သေဆုံးကာ ရာနဲ့ချီ ပျောက်ဆုံးနေပြီး အရပ်သား ၂၅၈၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
အပစ်အခတ်ရပ်စဲဖို့ ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ဗီရာကူလ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာ နက်တို့နဲ့ ဖုန်းပြောဆိုခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
တိုင်းပြည်နဲ့လူမျိုးအပေါ် ခြိမ်းခြောက်မှုတွေ မရှိတော့ချိန်အထိ စစ်ပွဲကို ဆက်တိုက်မယ်လို့ ထိုင်း ဝန်ကြီးချုပ် အနုတင်က စနေနေ့မှာ ပြောကြားခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Thailand considers blocking fuel exports to Cambodia as border conflict escalates