ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၅ ရက်
ဆစ်ဒနီမြို့တော်ရှိ ဘွန်ဒီကမ်းခြေမှာကျင်းပတဲ့ ဂျူးအခမ်းအနားတစ်ခုမှာ သေနတ်ပစ်ခတ်မှု ဖြစ် ပွားခဲ့ရာ လူ ၁၆ ဉီး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သြစတြေးလျရဲတပ်ဖွဲ့က ပြောပါတယ်။
သံသယရှိသူ သေနတ်သမားတစ်ဉီး သေဆုံးပြီး နောက်ထပ်တစ်ဉီးကို ဖမ်းဆီးကာ ၎င်းဟာ ဆေးရုံ မှာ ဆေးကုသမှုခံယူနေတယ်လို့ သြစတြေးလျရဲတပ်ဖွဲ့က ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်ဟာ အကြမ်းဖက်တိုက်ခိုက်မှုလို့ သြစတြေးလျရဲတပ်ဖွဲ့က သတင်းထောက်တွေ ကို ပြောကြားခဲ့ပြီး အခင်းဖြစ်ရာနေရာအနီး မော်တော်ကားတစ်စင်းမှာ ဖောက်ခွဲရေးပစ္စည်းတွေ တွေ့ရှိခဲ့ တယ်လို့ ဆိုပါတယ်။
လူနှစ်ယောက်ဟာ တံတားတစ်စင်းမှ လူအုပ်ထဲကို ပစ်ခတ်ခဲ့တာလို့ ဖြစ်စဉ်ကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တွေမှာ မြင်တွေ့ရတယ်လို့ ဒေသန္တရမီဒီယာတွေက ဖော်ပြပါတယ်။
သံသယရှိသူ တိုက်ခိုက်ရေးသမားတစ်ဉီးအား အာဏာပိုင်တွေက ဖော်ထုတ်ခဲ့တယ်လို့ သြစတြေး လျ ထိပ်တန်း ထောက်လှမ်းရေး တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။
ဘွန်ဒီကမ်းခြေဟာ ဂျူးလူမျိုးတွေနေထိုင်ရာ ဧရိယာတစ်ခုနဲ့ ကပ်လျက်တည်ရှိပါတယ်။ တိုက် ခိုက်မှုဖြစ်ပွားချိန်မှာ ကမ်းခြေအနီး ဂျူးပွဲတော် Hanukkah ကို ကျင်းပနေတာ ဖြစ်ပါတယ်။
ယခုဖြစ်စဉ်ဟာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်တယ်လို့ သြစတြေးလျဝန်ကြီးချုပ် အန်ထော် နီအယ်လ်ဘာနိစ်က ပြောပါတယ်။
“ပျော်ရွှင်မှု၊ ယုံကြည်မှုဆိုင်ရာ ဂျူးလူမျိုးတွေရဲ့ Hanukkah ပွဲတော် ပထမနေ့မှာ သြစတြေးလျရှိ ဂျူးလူမျိုးတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုဖြစ်ပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
သေဆုံးသူတွေထဲမှာ သူ့နိုင်ငံသားတစ်ဉီး ပါဝင်တယ်လို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
“ဒါဟာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း သြစတြေးလျလမ်းမတွေမှာ ဂျူးဆန့်ကျင်ရေးတွေရဲ့ ရလဒ်တွေ ဖြစ်ပါတယ်” လို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီး Gideon Sa’ar က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ကိုးကား – NHK
Ref; 16 dead in shooting at Australia’s Bondi Beach