ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဉီးစားပေးမူဝါဒတစ်ခုဖြစ်တဲ့ တရားမဝင် ရွှေ့ပြောင်းအခြေချမှုအပေါ် နှိမ်နင်းမှုကို အရှိန်မြှင့်နေတဲ့ အမေရိကန်အစိုးရဟာ တရားမဝင် လာရောက်သူတွေကို ပြည်နှင်ဒဏ်ပေးဖို့ ဂျက်လေယာဉ်တွေ ဝယ်ယူသွားဖို့ စီစဉ်နေပါတယ်။

အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာနဟာ ဗုဒ္ဓဟူးနေ့က အဆိုပါအစီအစဉ်ကို ကြေညာခဲ့ တာပါ။

အမိမြေလုံခြုံရေးဝန်ကြီးဌာနဟာ ဘိုအင်း ၇၃၇ လေယာဉ် (၆) စင်း ဝယ်ယူဖို့ ဒေါ်လာ သန်း ၁၄၀ နီးပါး တန်ကြေးရှိ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ The Washington Post သတင်းစာ က ဖော်ပြခဲ့ပါတယ်။

လူဝင်မှုကြီးကြပ်ရေးဌာနမှ အာဏာပိုင်တွေဟာ ပြည်နှင်ဒဏ်ပေးရေး လေကြောင်းခရီးစဉ်တွေ ဆောင်ရွက်ရာမှာ စင်းလုံးငှားလေယာဉ်တွေကို အားထားခဲ့ရတယ်လို့ အဆိုပါသတင်းစာက ဆိုပါတယ်။

ကိုယ်ပိုင်ဂျက်လေယာဉ်တွေ ဝယ်ယူခြင်းဟာ ကုန်ကျစရိတ် သက်သာကာ တရားမဝင် အခြေချ သူတွေကို ပြည်နှင်ဒဏ်ပေးရာမှာ ထိရောက်မှုရှိမယ်လို့ အမိမြေလုံခြုံရေးဝန်ကြီးဌာနမှ အကြီးတန်း အ ရာရှိတစ်ဉီးက ပြောပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရာဇဝတ်ကောင်း တရားမဝင် နိုင်ငံခြားသားတွေကို တိုင်းပြည်ပြင်ပ သို့ မြန်မြန်ဆန်ဆန် ရောက်ရှိဖို့ သံန္နိဌာန်ချထားတယ်လို့ ၎င်းက ဆိုပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒဟာ မကြာခဏဆိုသလို အခြေအတင်အငြင်းပွားမှု တွေ ဖြစ်စေခဲ့ပါတယ်။

ဧပြီလအတွင်း အယ်လ်ဆာဗေဒိုနိုင်ငံသို့ မှားယွင်းစွာ ပြည်နှင်ဒဏ်ပေးခဲ့တဲ့ အမျိုးသားတစ်ဉီးကို အမေရိကန်နိုင်ငံသို့ ပြန်ပို့ဖို့ တရားရုံးချုပ်က အမေရိကန်အစိုးရကို အမိန့်ပေးခဲ့ပါတယ်။

ကိုးကား – NHK
Ref; US to purchase fleet of jets for deportations