ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်
ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက် တိုက်ပွဲတွေ တစ်ပတ်နီးပါးကြာ ဖြစ်ပွားပြီးနောက် ထိုင်းနိုင် ငံက လွှတ်တော်ကို ဖျက်သိမ်းခဲ့ပြီး အထွေထွေရွေးကောက်ပွဲကို ၄၅ ရက်မှ ရက် ၆၀ အတွင်း ကျင်းပ မယ်လို့ ပြောပါတယ်။
လွှတ်တော်တွင်း အကြီးမားဆုံး အတိုက်အခံ ပြည်သူ့ပါတီနဲ့ သဘောတူညီမှုမရခဲ့ပြီးနောက် လွှတ်တော်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆီရီပေါင်အန်ကာ ဆာကူလ်ကီယတ်က ပြောပါတယ်။
လွန်ခဲ့သောသုံးလက တာဝန်ယူပြီးနောက်ပိုင်း လူအသေအပျောက်ရှိတဲ့ နယ်စပ်အငြင်းပွားမှုဟာ သူ့အစိုးရအဖွဲ့ ရုန်းကန်ခဲ့ရတဲ့ စိန်ခေါ်မှုတွေထဲမှာ ပါဝင်ခဲ့တယ်လို့ ဝန်ကြီးချုပ် အနုတင်ချန်ဗီရာကူလ်က သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ အမိန့်ပြန်တမ်းတစ်ခုမှာ ပြောပါတယ်။
“သင့်တော်တဲ့အဖြေကတော့ ပြည်သူထံ နိုင်ငံရေးအာဏာ ပြန်လွှဲပေးတဲ့ နည်းလမ်းတစ်ခုဖြစ်တဲ့ လွှတ်တော်ကို ဖျက်သိမ်းဖို့ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
ဇန်နဝါရီလကုန်မှာ လွှတ်တော်ကို ဖျက်သိမ်းမယ်လို့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ နောက်ပိုင်း ထိုင်းနိုင် ငံရဲ့ တတိယမြောက် ဝန်ကြီးချုပ်ဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင် အနုတင်က အစိုးရတာဝန်ယူတဲ့ စက်တင် ဘာလအတွင်း ပြောကြားခဲ့ပါတယ်။
လွှတ်တော်မှာ အစိုးရအဖွဲ့ကို အယုံအကြည်မရှိ အဆိုတင်သွင်းပြီး မဲခွဲတာမရှိခဲ့လို့ အနုတင်က ရွေးကောက်ပွဲကျင်းပမယ့် အစီအစဉ်ကို ရှေ့ဆက်လုပ်ဆောင်ခဲ့တာပါ။
ပြီးခဲ့လအတွင်း ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရေဘေးသင့်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တဲ့အပေါ် သူ့ရဲ့ ကိုင်တွယ်ဖြေရှင်းမှုကြောင့်လည်း အနုတင်ဟာ ဝေဖန်ခံခဲ့ရပါတယ်။
လက်ရှိမှာလည်း ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ ပဋိပက္ခတွေ ပြင်းထန်နေပြီး နှစ်နိုင်ငံစလုံးမှာ သန်းနဲ့ချီတဲ့ပြည်သူတွေ အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။
ကိုးကား – BBC
Ref; Thai PM dissolves parliament to ‘return power to people’