ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်

နယ်စပ်တိုက်ပွဲတွေအတွင်း ထိုင်းတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တဲ့ ကမ္ဘောဒီးယား ဗုံးကြဲဒရုန်းတွေ ကို အင်္ဂလိပ်စကားပြော နိုင်ငံခြားသားတွေက ထိန်းချုပ်နေတယ်လို့ သံသယရှိကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။

ကမ္ဘောဒီးယားစစ်သားတွေက ဒရုန်းတွေကို ထိန်းချုပ်နေတယ်လို့ သံသယရှိခဲ့ကြောင်း ထိုင်းအ ရှေ့မြောက်ပိုင်းဒေသအတွက် တာဝန်ရှိတဲ့ အမှတ် (၂) စစ်ဒေသက ကြာသပတေးနေ့မှာ Facebook စာ မျက်နှာ၌ ပြောကြားခဲ့ပါတယ်။

ဗုံးကြဲဒရုန်းတွေ တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ ရေဒီယိုဆက်သွယ်ရေးမှာ ‘ပြီးဆုံးပြီ’ လို့ အင်္ဂလိပ် ဘာသာစကားနဲ့ ပြောဆိုတဲ့စကားကို ကြားခဲ့ရတယ်လို့ အမှတ် (၂) စစ်ဒေသက ပြောပါတယ်။

အသေခံဒရုန်းတွေ တိုက်ခိုက်မှု ရပ်တန့်ချိန်မှာ ဆိုင်ကယ်သမားတွေ အနီးအနားရှိ တောင်ကုန်း တွေကနေ ထွက်ခွာသွားတာ မြင်တွေ့ရတယ်လို့ အမှတ် (၂) စစ်ဒေသက ဆိုပါတယ်။

ရုရှားနိုင်ငံသားတွေက ကမ္ဘောဒီးယားတပ်ဖွဲ့ကို ကူညီနေတယ်ဆိုတဲ့ ကောလာဟလတွေ ဒီနှစ်အ စောပိုင်းက လူမှုကွန်ရက်မှာ ထွက်ပေါ်ခဲ့ပါတယ်။

ကမ္ဘောဒီးယားစစ်သားတွေနဲ့အတူ အရပ်ရှည်ပြီး ကိုယ်ခန္ဓာတောင့်တင်းတဲ့ အမျိုးသားနှစ်ဉီးက စစ်ဝတ်စုံနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကြောင့် အခုလို ကောလဟာလတွေ ထွက်ပေါ်ခဲ့တာပါ။

အဆိုပါအမျိုးသားနှစ်ယောက်ဟာ ကမ္ဘောဒီးယားစစ်တပ်မှ ပြန်တမ်းဝင်အရာရှိမဟုတ်သူတွေ လို့ ဒုတိယ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နတ်တာဖွန်နက်ခ်ဖန်နက်ခ်က ပြောပါတယ်။

ကမ္ဘောဒီးယားစစ်တပ်က အသုံးပြုတဲ့ ဗုံးကြဲဒရုန်းတွေဟာ ၈၂ မမ မော်တာကျည်တွေ သယ် ဆောင်နိုင်တဲ့ FPV ဒရုန်းတွေဖြစ်ပြီး ဖိုင်ဘာလင့်တွေနဲ့ ထိန်းချုပ်ထားတယ်လို့ အမှတ် (၂) စစ်ဒေသက ပြောပါတယ်။

ကိုးကား – Bangkok Post
Ref; Thai army suspects foreigners operating Cambodian drones