ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၁ ရက်
နှစ်နိုင်ငံနယ်စပ်တစ်လျှောက်မှာ စစ်ရေးတိုက်ခိုက်မှုတွေ အပြန်အလှန် လုပ်ဆောင်နေတာကို ချက်ချင်း ရပ်တန့်ကြဖို့ အမေရိကန်နိုင်ငံက ထိုင်းနဲ့ကမ္ဘောဒီးယားကို တိုက်တွန်းလိုက်ပါတယ်။
ထိုင်းနဲ့ကမ္ဘောဒီးယားဟာ အောက်တိုဘာလအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရှေ့ မှောက်မှာ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပေမယ့် တနင်္လာနေ့မှာ ပဋိပက္ခ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။
လက်ရှိတိုက်ပွဲမှာ လူ ၁၀ ဦး သေဆုံးခဲ့ပြီး ၇၀ ကျော် ဒဏ်ရာရရှိခဲ့ကာ သေဆုံး/ဒဏ်ရာရရှိသူ တွေထဲမှာ စစ်သားတွေနဲ့ အရပ်သားတွေ ပါဝင်ပါတယ်။
ထိုင်းနဲ့ကမ္ဘောဒီးယားကြား စစ်ပွဲကို ရပ်ဆိုင်းဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အင်္ဂါနေ့မှာ ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး တောင်းဆိုခဲ့ပါတယ်။
ကမ္ဘောဒီးယား-ထိုင်း နယ်စပ်တစ်လျှောက် နေရာများစွာမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး လူသေ ဆုံးမှုတွေရှိတဲ့အပေါ် အမေရိကန်နိုင်ငံက စိုးရိမ်တယ်လို့ ၎င်းက ဆိုပါတယ်။
“တိုက်ပွဲတွေ ချက်ချင်း ရပ်တန့်ပြီး အရပ်သားတွေကို ကာကွယ်ပေးကာ မလေးရှားနိုင်ငံ၊ ကွာ လာလမ်ပူမြို့တော်မှာ အောက်တိုဘာလ ၂၆ ရက်မှာ လက်မှတ်ထိုးခဲ့တဲ့ အစီအမံတွေကို လိုက်နာကြဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်” လို့ မာကိုရူဘီယိုက ပြောပါတယ်။
ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေး သဘောတူညီချက်ဟာ ကမ္ဘာတစ်ဝှမ်း ပဋိပက္ခတွေ ဖြေရှင်း ဖို့ သူ့ရဲ့ကြိုးပမ်းမှုတွေထဲကတစ်ခုလို့ ဒေါ်နယ်ထရမ့်က ထပ်တလဲလဲ ပြောဆိုခဲ့ပါတယ်။
ကိုးကား – NHK
Ref; US urges Thailand, Cambodia to stop fighting immediately