ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂ ရက်
တရုတ်နိုင်ငံဟာ ဗြိတိန်အတွက် လုံခြုံရေးခြိမ်းခြောက်မှုတွေ ဖြစ်ခဲ့တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတန်မာက သတိပေးပေမယ့် နီးကပ်သော စီးပွားရေးဆက်ဆံမှုဟာ အမျိုးသား အကျိုးစီးပွား ဖြစ်တာကြောင့် တရုတ်နဲ့ ထိတွေ့ဆက်ဆံမှု အရှိန်မြှင့်မယ်လို့ ပြောပါတယ်။
ဗြိတိန်လေဘာအစိုးရဟာ နိုင်ငံခြားရေးမူဝါဒ ဉီးစားပေးမှုတစ်ခုအဖြစ် တရုတ်နိုင်ငံနဲ့ ဆက်ဆံ ရေး တိုးတက်အောင် ကြိုးပမ်းခဲ့ပေမယ့် တရုတ်က သူလျှိုလုပ်တယ်လို့ ဗြိတိန်က စွပ်စွဲခဲ့တာကြောင့် နှစ် နိုင်ငံကြားဆက်ဆံရေး အေးစက်ခဲ့ပါတယ်။
ဗြိတိန်နိုင်ငံဟာ ပြီးခဲ့သော ဆယ်စုနှစ်အတွင်း တရုတ်နဲ့ပတ်သက်လို့ ဆက်ဆံရေး ပြောင်းလဲခဲ့ပြီး ရွှေခေတ်မှာ ဉရောပတိုက်မှာ တရုတ်ရဲ့ အကြီးမားဆုံး ထောက်ခံသူဖြစ်လိုတယ်လို့ ပြောပါတယ်။ဗြိတိန် အစိုးရရှေ့နေတွေဟာ တရုတ်အတွက် သူလျှိုလုပ်ပေးသူတွေကို တရားစွဲဆိုပြီးနောက် တရုတ်နိုင်ငံဟာ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုလို့ စတန်မာက လူသိရှင်ကြား ထုတ်ပြောခဲ့တာပါ။
၂၀၁၈ ခုနှစ်နောက်ပိုင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မေခရွန်ဟာ တရုတ်နိုင်ငံသို့ နှစ်ကြိမ်၊ ဂျာ မနီခေါင်းဆောင်တွေဟာ တရုတ်သို့ လေးကြိမ် သွားရောက်ခဲ့တယ်လို့ စတန်မာက ပြောပါတယ်။
ဗြိတိန်ခေါင်းဆောင်တစ်ဉီး တရုတ်နိုင်ငံသို့ နောက်ဆုံးအကြိမ် သွားရောက်ခဲ့သူမှာ ၂၀၁၈ ခုနှစ်က တရုတ်သို့သွားရောက်ခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ထရီဆာမေ ဖြစ်ပါတယ်။
“လုံခြုံရေးကို ကာကွယ်ဖို့က ပထမဆုံး တာဝန်ပါ။ ဒါပေမယ့် ကျွန်တော်တို့ အခြားနယ်ပယ်တွေ မှာလည်း ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
သိသာတဲ့ လုံခြုံရေးအန္တရာယ် မရှိပေမယ့် တရုတ်နိုင်ငံနဲ့ စီးပွားရေးဆက်ဆံမှု တိုးတက်လာရေး ကြိုးပမ်းကြဖို့ စီးပွားရေးလုပ်ငန်းတွေကို တွန်းအားပေးမယ်လို့ သူက ဆက်ပြောပါတယ်။
ကိုးကား – Reuters
Ref; UK PM Starmer warns China poses security threats but urges deeper business ties