ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်
ဂျပန်နိုင်ငံဟာ ထိုင်ဝမ်အရေးမှာ စည်းကျော်လာရင် နာကျင်စရာတန်ဖိုး ပေးဆပ်ရမယ်လို့ တ ရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပြီး ထိုင်ဝမ်မှ ကီလိုမီတာ ၁၀၀ ခန့်အ ကွာ ကျွန်းတစ်ကျွန်းပေါ်မှာ ဒုံးကျည်တွေ ဖြန့်ကြက်မယ့် အစီအစဉ်ကို လက်တုံ့ပြန်လိုက်ပါတယ်။
တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်ရင် ဂျပန်က စစ်ရေးအရ လက်တုံ့ပြန်မယ်လို့ ဂျပန်ဝန်ကြီးချုပ် တာကိုင်ချိဆာနေးက ဒီလအတွင်း ပြောကြားပြီးနောက် ဂျပန်နဲ့တရုတ်ကြား အဆိုးရွားဆုံး သံတမန် အ ကျပ်အတည်းဖြစ်နေစဉ် အခုလို မှတ်ချက်ပြုတာပါ။
“ဂျပန်ဟာ ထိုင်ဝမ်မှာ ကျူးလွန်ခဲ့တဲ့ ကျူးကျော်မှုနဲ့ ကိုလိုနီအုပ်ချုပ်မှုလို ဆိုးရွားတဲ့ ရာဇဝတ်မှု တွေကို နက်နက်နဲနဲ ဆင်ခြင်သုံးသပ်ဖို့ ပျက်ကွက်ရုံမက ကမ္ဘာ့အမြင်ကိုလည်း ဂရုမစိုက်ဘဲ ထိုင်ဝမ်အရေး မှာ စစ်ရေးအရ ဝင်ရောက်စွက်ဖက်ဖို့ အထင်မှားယုံကြည်ချက်ကို လက်ခံထားပါတယ်” လို့ တရုတ်၊ ကာ ကွယ်ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ကျင်ပင်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“တရုတ်စစ်တပ်ဟာ ကျူးကျော်လာတဲ့ ဘယ်လိုရန်သူကိုမဆို အနိုင်ယူနိုင်တဲ့ စွမ်းရည်နဲ့ နည်း လမ်းတွေ ပိုင်ဆိုင်ထားပါတယ်။ ဂျပန်ဘက်က ခြေတစ်လှမ်း စည်းကျော်လာရဲရင် သေချာပေါက် နာကျင် စရာတန်ဖိုး ပေးဆပ်ရပါလိမ့်မယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
ထိုင်ဝမ်ရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရက တရုတ်ရဲ့ ပိုင်နက်နယ်မြေ တောင်းဆိုချက် တွေကို ပယ်ချပြီး ထိုင်ဝမ်ပြည်သူတွေကသာ ၎င်းတို့ရဲ့အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့ ပြောပါတယ်။
ထိုင်ဝမ်သမ္မတ လိုင်ချင်တေးက လာမယ့် ၈ နှစ်အတွင်း ကာကွယ်ရေးအတွက် ဒေါ်လာ ၄၀ ဘီလီ ယံ ထပ်တိုး သုံးစွဲမယ့် အစီအစဉ်ကို ဒီသတင်းပတ်အတွင်း ကြေညာခဲ့ရာ ထိုင်ဝမ်ကို ဒုက္ခရောက်စေမယ့် ငွေဖြုန်းတီးမှုတစ်ခုလို့ တရုတ်က ဝေဖန်ခဲ့ပါတယ်။
တရုတ်ရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ ထိုင်ဝမ်ထက် များစွာ ပိုလွန်တယ်လို့ ထိုင်ဝမ်ရဲ့ တရုတ် ပြည်မရေးရာကောင်စီ ပြောရေးဆိုခွင့်ရှိသူ လျန်ဝမ်ကျဲက ကြာသပတေးနေ့မှာ ပြောပါတယ်။
“တရုတ်က ထိုင်ဝမ်ရေလက်ကြားဖြတ်ကျော် ငြိမ်းချမ်းရေးကို အလေးထားရင် ဒီငွေတွေကို တ ရုတ်ပြည်မရဲ့ စီးပွားရေးနဲ့ ပြည်သူတွေရဲ့ သက်မွေးဝမ်းကြောင်းတွေ တိုးတက်လာဖို့ သုံးစွဲနိုင်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
ကိုးကား – Reuters
Ref; Japan will pay ‘painful price’ if it steps out of line over Taiwan, China military says