ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်

အထပ်မြင့် လူနေအဆောက်အအုံ မီးလောင်ကျွမ်းမှုမှာ သေဆုံးသူ ၉၄ ဦးအထိ ရှိလာခဲ့ပြီး လူ ၇၀ ဦး ဒဏ်ရာရရှိကာ အများအပြား ပျောက်ဆုံးနေတယ်လို့ ဟောင်ကောင်မီဒီယာတွေက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က တိုင်ပိုခရိုင်ရှိ အထပ် ၃၀ ကျော်ပါ လူနေအဆောက်အအုံ ၈ လုံးအနက် ၇ လုံး မြောက်မှာ မီးလောင်ကျွမ်းမှု စတင်ခဲ့တာပါ။

သောကြာနေ့မနက်ပိုင်းမှာ မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ ဟောင်ကောင် ဒေသန္တရမီဒီ ယာတွေက ဖော်ပြပါတယ်။

ဟောင်ကောင်အစိုးရက မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မယ့် အစီအမံတွေကို ကြာသပ တေးနေ့က ကြေညာခဲ့ပါတယ်။

အစီအမံတွေထဲမှာ အာဏာပိုင်တွေက မီးဘေးသင့်ပြည်သူတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဖြေရှင်းဖို့ ငွေကြေးထောက်ပံ့မှု ပါဝင်ပါတယ်။

မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းကို မသိရသေးပေမယ့် အဆောက်အအုံကို အကြီးစားပြင် ဆင်ဖို့ တပ်ဆင်ထားတဲ့ ဝါးငြမ်းတွေကို မီးတောက်က ပျံ့သွားခဲ့တာလို့ ဒေသန္တရမီဒီယာတွေက ဆိုပါ တယ်။

လုပ်ငန်းခွင်အတွက် အသုံးပြုတဲ့ အကာအကွယ်ပေးရေးကိရိယာတွေဟာ မီးဘေးလုံခြုံရေးစံ နှုန်း မပြည့်မီဘူးလို့ မီးသတ်ဌာန အာဏာပိုင်တွေက ပြောပါတယ်။

အဆောက်အအုံတွေမှာ အသုံးပြုတဲ့ ရေမြှုပ်ကိရိယာကြောင့် မီးလောင်ကျွမ်းမှု ပျံ့သွားခဲ့တာလို့ မီးသတ်ဌာန အာဏာပိုင်တွေက ဆိုပါတယ်။

လူသေမှုသံသယနဲ့ အကြီးတန်း အရာရှိတွေ အပါအဝင် အဆောက်အအုံပြင်ဆင်မှု စီမံကိန်းကို ကြီးကြပ်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီမှ လူသုံးဉီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ကိုးကား – NHK
Ref; At least 94 killed in Hong Kong high-rise fire