ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်
ကျောက်ဖြူမြို့နယ်တွင် ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ရေးအရအရေးပါသည့် နယ်မြေများကို စစ်ကော်မရှင်နှင့် အာရက္ခတပ်တောင် (AA)တို့ စိုးမိုးမှုရယူနိုင်ရန်အတွက် ထိုးစစ်ဆင် နေကြကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်း နိုဝင်ဘာ ၂၄ ရက်မှ စတင်ကာ တိုက်ပွဲများပြင်းထန်ခဲ့ပြီး ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်နေ့အထိ သိုင်းချောင်းနှင့် ဇိုင်းချောင်းကျေးရွာများအနီးတွင် လက်နက်ကြီးများဖြင့် နှစ်ဖက် အပြန်အလှန် မနားတမ်းပစ်ခတ်ခဲ့ကြကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
“AA က သိုင်းချောင်းနဲ့ဇိုင်းချောင်းအနီး ထိုးစစ်ပြန်စလာတော့ စစ်တပ်က လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ အဆက်မပြတ် ပစ်ကူပေးနေတယ်”ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
AA က ယာယီလက်လွှတ်ခဲ့ရသည့် သိုင်းချောင်းကို ပြန်လည်ထိုးစစ်ဆင်လာပြီး စစ်ကော်မရှင်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးများကို တန်ပြန်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယခုတိုက်ပွဲ ဖြစ်ပွားနေသည့် နေရာသည် စစ်ရေးအရ အရေးပါသည့် ကျောက်ဖြူ-ရမ်းဗြဲ-သစ်ပုတ်တောင်လမ်းခွဲကို စိုးမိုးနိုင်ရန်အတွက် ထိုးစစ်ဆင်နေကြခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကော်မရှင်သည် နိုဝင်ဘာ ၂၅ ရက်နေ့ နေ့လယ်ပိုင်းကလည်း ကျောက်ဖြူမြို့နယ်၊ တောင်ကြီးရင်း ကျေးရွာနှင့် ချောင်းဖျားကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် ဓညဝတီရေတပ်ဌာနချုပ်၊ အမှတ် (၃၂) ရဲတပ်ရင်းနှင့် ပင်လယ်ပြင်အတွင်း လှည့်လည်နေသည့် စစ် Navy တို့မှ တိုက်ပွဲဖြစ်ပွားရာနေရာများကို လက်နက်ကြီးများဖြင့် အပြင်းအထန် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်က ဒီဇင်ဘာလကုန်ပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း(၁)တွင် ကျောက်ဖြူလည်း ပါဝင်နေသည်ဖြစ်ရာ နယ်မြေစိုးမိုးမှု ရယူနိုင်ရေးအတွက် အင်အားအလုံးအရင်းသုံးပြီး ထိုးစစ်ဆင်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။
ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)