ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်

လာမယ့်ရှစ်နှစ်အတွက် ဒေါ်လာ ၄၀ ဘီလီယံတန်ကြေးရှိ ကာကွယ်ရေးအသုံးစရိတ် မကြုံစဖူး တိုးမြှင့်မယ့် အစီအစဉ်တွေကို ထိုင်ဝမ်သမ္မတ လိုင်ချင်တေးက ကြေညာခဲ့ပြီး ထိုင်ဝမ်ကို ကာကွယ်ဖို့ သ မိုင်းဝင် ရင်းနှီးမြှုပ်နှံမှုနဲ့ တရုတ်ရဲ့ခြိမ်းခြောက်မှုကို ဟန့်တားဖို့လို့ ပြောပါတယ်။

လာမယ့်နှစ်မှာ စစ်ရေးအသုံးစရိတ်ကို GDP ရဲ့ ၃ ဒသမ ၃ ရာခိုင်နှုန်းအထိ သိသိသာသာ တိုးမြှင့် ဖို့ ထိုင်ဝမ်အစိုးရက သံန္နိဌာန်ချထားပြီး ၂၀၃၀ ပြည့်နှစ်မှာ GDP ရဲ့ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်မယ်လို့ သူ က ဆိုပါတယ်။

တရုတ်စစ်တပ်က ဖိအားတိုးပေးလာတာကြောင့် ထိုင်ဝမ်ဟာ စစ်ရေးဘတ်ဂျက် တိုးမြှင့်လာခဲ့ ပြီး အမေရိကန်အစိုးရကလည်း ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရေး ပိုမိုလုပ်ဆောင်ဖို့ ထိုင်ဝမ်ကို တွန်း အားပေးခဲ့ပါတယ်။

တရုတ်က ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်လာနိုင်တဲ့ ၂၀၂၇ ခုနှစ်မတိုင်မီ ထိုင်ဝမ်စစ်တပ်က တရုတ်ကို တိုက်ခိုက်နိုင်ရေး အသင့်ဖြစ်မယ်လို့ လိုင်ချင်တေးက ဆိုပါတယ်။

“ထိုင်ဝမ်ကို တရုတ်လက်အောက်ခံပြည်နယ်အဖြစ် ပြောင်းလဲဖို့ တရုတ်အာဏာပိုင်တွေဟာ မ ကြာသေးမီက ကြိုးပမ်းမှုတွေ အရှိန်မြှင့်လာခဲ့ပြီး ထိုင်ဝမ်ရဲ့ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအတွက် ပြင်း ထန်သော ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

ထိုင်ဝမ်အစိုးရရဲ့ ကာကွယ်ရေးဘတ်ဂျက် တိုးမြှင့်မယ့်အစီအစဉ်ကို ထိုင်ဝမ်ဆိုင်ရာ အမေရိကန် ထိပ်တန်းသံတမန်က ကြိုဆိုလိုက်ပြီး စစ်ရေးအသုံးစရိတ် တိုးမြှင့်ရေးအတွက် ဘုံသဘောတူညီချက် ရှာ ဖွေကြဖို့ ထိုင်ဝမ် နိုင်ငံရေးပါတီတွေကို တိုက်တွန်းလိုက်ပါတယ်။

ထိုင်ဝမ်က ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်တာဟာ အမေရိကန်နိုင်ငံနဲ့ စည်းကြပ်ခွန် ဆွေးနွေး မှုတွေနဲ့ မသက်ဆိုင်ဘဲ အဓိက ရည်ရွယ်ချက်မှာ ထိုင်ဝမ်ရဲ့ မိမိကိုယ်ကိုယ် ခုခံကာကွယ်ဖို့ စိတ်ပိုင်းဖြတ် မှုကို ပြသတာလို့ လိုင်ချင်တေးက ဆိုပါတယ်။

ကိုးကား – SCMP
Ref; Taiwanese leader pledges US$40 billion rise in defence spending to ‘defend democracy’