ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်

ဒီဇင်ဘာလမှာစတင်မယ့် မြန်မာစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မှုရှိမှာမဟုတ်သ လို အများယုံကြည်လက်ခံမှာမဟုတ်ဖူးလို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဖောင်ကတ်ကီယိုက ပြောပါတယ်။

“မြန်မာရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ ကျွန်တော်တို့ လိုလားပေမယ့် အဲလို ဖြစ် လာမှာမဟုတ်ဖူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော့်ခံစားချက်ကတော့ မြန်မာရွေးကောက်ပွဲကို အသိအမှတ်မပြုပါဘူး” လို့ ၎င်းက ပြောပါတယ်။

သို့သော်လည်း ရွေးကောက်ပွဲဟာ ပြုပြင်ပြောင်းလဲရေး လှေကားထစ်တစ်ခု ဖြစ်လာနိုင်ကာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဉီးသိန်းစိန်ဟာ သမ္မတအဖြစ် ရွေးကောက်ခံရပြီး ဒေါ်အောင်ဆန်းစု ကြည်ကို လွှတ်ပေးခဲ့ကာ နောက်တစ်ကြိမ် ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရခဲ့တယ်လို့ သူက ဆိုပါ တယ်။

“အနာအဆာရှိတဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံကို တည်ငြိမ်မှုနဲ့ ဒီမိုကရေစီကို ပြန်သွားဖို့ အခွင့် အလမ်းကောင်းတစ်ရပ် ဖြစ်လာနိုင်ပါတယ်” လို့ ဆီဟာဆတ်က ဆက်ပြောပါတယ်။

လူသားချင်းစာနာမှုကို အခြေခံပြီး အသက် ၈၀ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပြင်သစ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်းဖြစ်သူ ၎င်းက မြန်မာအာဏာပိုင်တွေကို တောင်းဆိုခဲ့ပါ တယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အချိန်ကျပါပြီ။ တစ်ခါတစ်ရံ ကျွန်တော်တို့ဟာ မှန်ကန် တဲ့အရာကို ပြောရပါမယ်” လို့ သူက ဆိုပါတယ်။

ရွေးကောက်ပွဲ ပထမအဆင့်ကို ဒီဇင်ဘာလ ၂၈ ရက်၊ ဒုတိယအဆင့်ကို ဇန်နဝါရီလ ၁၁ ရက်မှာ ကျင်းပမှာဖြစ်ပေမယ့် နောက်ပိုင်းအဆင့်နဲ့ ရွေးကောက်ပွဲရလဒ် ထုတ်ပြန်မယ့်ရက်ကို မကြေညာရသေးပါ ဘူး။

ကိုးကား – AFP
Ref; Myanmar election not free or credible: Thai foreign minister