ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်

 

ဒီဇင်ဘာလမှာပြုလုပ်မယ့် မြန်မာရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိလာမှာမဟုတ် လို့ ရလဒ်ကိုပယ်ချဖို့ အမေရိကန်လွှတ်တော်အမတ်တွေက ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ကို တောင်းဆိုပါ တယ်။

 

အထက်လွှတ်တော်အမတ် ဂျင်ရက်ချ်၊ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဌ ဂျန်နီရှာဟင်း၊ အောက်လွှတ်တော်အမတ် ဘရိုင်မတ်နဲ့ အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မ တီ ဥက္ကဌ ဂရီဂိုရီမိခ်တို့က တရုတ်ရဲ့ထောက်ခံမှုနဲ့ မြန်မာစစ်ကော်မရှင်ကကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့တာပါ။

 

“မြန်မာစစ်ကော်မရှင်ရဲ့ ဒီဇင်ဘာရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲတစ်ခုသာ ဖြစ် ပါတယ်” လို့ အမေရိကန် လွှတ်တော်အမတ်တွေက ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်မှုတွေ ဆက်ရှိနေမှုနဲ့အတူ ရွေးကောက်ပွဲမှာ တရုတ်ရဲ့ ထောက်ခံမှုနဲ့ တရားဝင်မှုရရှိဖို့ ပုံဖော်ထားတယ်လို့ ၎င်းတို့ က ဆိုပါတယ်။

အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဟာ မကြာသေးမီက ကြားနာပွဲတစ်ရပ်ပြုလုပ်ကာ တက်ရောက်သူတွေဟာ မြန်မာစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ တရားမဝင်မှုကို ထွက်ဆိုခဲ့ကြပါတယ်။

“မြန်မာပြည်သူတွေ သူတို့လိုလားတဲ့အစိုးရကို လွတ်လပ်ပြီး တရားမျှတစွာ ရွေးချယ်ခွင့်ကို ငြင်း ဆန်မယ့် ရွေးကောက်ပွဲရလဒ်တွေကို လက်မခံဖို့ ဒေါ်နယ်ထရမ့်အစိုးရကို တိုက်တွန်းပါတယ်” လို့ အမေရိ ကန် လွှတ်တော်အမတ်တွေက ပြောပါတယ်။

သေဒဏ်၊ အကျဉ်းချမှုနဲ့ နှိပ်စက်မှုတွေရှိလင့်ကစား မြန်မာပြည်သူတွေဟာ စစ်ကော်မရှင်ရဲ့ အာ ဏာရှင်စနစ်ကို တွန်းလှန်ခဲ့ပါတယ်” လို့ ၎င်းတို့က ဆက်ပြောပါတယ်။

NLD အပါအဝင် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံရေးပါတီများစွာကို စစ်ကော်မရှင်က ဖျက်သိမ်းမှုနဲ့အတူ အတိုက်အခံတွေကို အကျဉ်းချမှု၊ ဖိနှိပ်မှုကြောင့် လာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိ လာမှာမဟုတ်ဖူးလို့ အမေရိကန်လွှတ်တော်အမတ်တွေက ဆိုပါတယ်။

“ဒီအခြေအနေတွေကြောင့် အမေရိကန်နိုင်ငံက မြန်မာစစ်ကော်မရှင်ရဲ့ အတုအယောင်ရွေး ကောက်ပွဲကို ပြတ်ပြတ်သားသား ပယ်ချရပါမယ်” လို့ ၎င်းတို့က ပြောပါတယ်။

ကိုးကား – Newsmax
Ref; U.S. Lawmakers Urge Trump Admin to Reject Myanmar Elections