ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်

 

လူမှုကွန်ရက်စာမျက်နှာတွင် ဒုရဲမှူးအဖြစ် အယောင်ဆောင်ကာ ပုံများတင်၍ လိမ်လည်ပြောဆိုနေသူ အမျိုးသားတစ်ဦးကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်‌နေ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

အယောင်ဆောင်သူသည် TikTok တွင် U Pyae Lin Aung အမည်ဖြင့် အကောင့်ဖွင့်ကာ ၎င်းသည် ဒုရဲမှူးတစ်ဦးဖြစ်ပြီး မိဘများမှာလည်း အထက်တန်းရဲအရာရှိကြီးများဖြစ်ကြောင်း ပြောဆိုစည်းရုံးခဲ့သူ အဆိုပါအမျိုးသားကို မင်္ဂလာဒုံမြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

“သူက ဒုရဲမှူးယူနီဖောင်းတွေ၊ မြို့နယ်မှူးအဆင့် ယူနီဖောင်းတွေနဲ့ TikTok ရိုက်နေတာ။ ကောင်မလေး တွေ ကြိုက်ကြတာ‌ပေါ့။ စော်ကြ‌ည်အောင်ပေါ့။ သူက ရဲပြေး။ အရင်က လေဆိပ်နားက ဂိတ်မှာ တာဝန်ကျတဲ့ ရဲတစ်ယောက်ပဲ။ လက် နက်မဲ့ပျက်ကွက်နဲ့ ရဲပြေးစာရင်း ဝင်နေတာ” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ရဲအရာရှိအယောင်ဆောင်ကာ လိမ်လည်ခဲ့သည့် ပြည့်လင်းအောင် အသက် ၂၄ နှစ်သည် ရွှေပြည်သာမြို့ နယ်၊ အမှတ်(၆) လုံခြုံ ရေးတပ်ဖွဲ့ခွဲမှ တပ်သားအဆင့်ရဲပြေးတစ်ဦးဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ၎င်းကိုလှော်ကားနယ်မြေရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။

 

ပုံစာ- လူမှုကွန်ရက်စာမျက်နှာတွင် ဒုရဲမှူးအဖြစ် အယောင်ဆောင်ကာ ပုံများတင်ခဲ့သူအား တွေ့ရစဉ်။