ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်

ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ယာယီနေထိုင်ခွင့်ကို ရုတ်သိမ်းမယ်လို့ အမေရိကန်အစိုးရက ကြေညာလိုက်ပါတယ်။

အမိမြေလုံခြုံရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ မြန်မာနိုင်ငံသားတွေ ယာယီနေထိုင်ခွင့် ရုတ် သိမ်းကြောင်း အသိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာစစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး တိုင်းပြည်ရဲ့အခြေအနေ တိုးတက်လာလို့ မြန်မာနိုင်ငံသားတွေ ပြည်တော်ပြန်နိုင်ဖို့ ယာယီနေထိုင်ခွင့်ပေးတာကို ရုတ်သိမ်းတာလို့ သိရပါတယ်။

“မြန်မာနိုင်ငံရဲ့ အခြေအနေကို ပြန်လည်သုံးသပ်ကာ သက်ဆိုင်ရာအေဂျင်စီတွေနဲ့ ဆွေးနွေးပြီး နောက် အမိမြေလုံခြုံရေးဝန်ကြီး ခရစ်တီနိုယမ်က မြန်မာနိုင်ငံသားတွေ ယာယီနေထိုင်ခွင့်ကို ရုတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ အဆိုပါဝန်ကြီးဌာနက ပြောပါတယ်။

ပြည်တော်ပြန်ဖို့ အန္တရာယ်မကင်းတဲ့ နိုင်ငံခြားသားတွေအတွက် တရားဝင် လူဝင်မှုကြီးကြပ်ရေး လမ်းကြောင်းတစ်ခုဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ ယာယီနေထိုင်ခွင့်ကို မြန်မာနိုင်ငံသား ၃၉၆၉ ဉီး ရရှိထား ပါတယ်။

အမေရိကန်နိုင်ငံမှာ ယာယီနေထိုင်ခွင့် လျှောက်ထားတဲ့ မြန်မာနိုင်ငံမှ ၂၃၆ ဉီးရဲ့ လျှောက်ထားမှု ကို နိုဝင်ဘာလ ၁၀ ရက်မှစပြီး ဆိုင်းငံ့ထားပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်နိုင်ငံအတွင်း နေထိုင်ခွင့်လျှောက်ထားတဲ့ ရွှေ့ပြောင်းအ ခြေချ အရေအတွက်ကို နည်းပါးလာစေဖို့ ကြိုးပမ်းခဲ့ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ ဖက်ဒရယ်အစိုးရက အမေရိကန်နိုင်ငံမှာ ခိုလှုံခွင့်ပြုတဲ့ ဒုက္ခသည်အရေအတွက် ကို ၇၅၀၀ အထိ စံချိန်တင် ကန့်သတ်ခဲ့ပါတယ်။

ကိုးကား – Aljazeera
Ref; Trump administration ends temporary immigration status for Myanmar citizens