ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၄ ရက်

ဧရာဝတီတိုင်းအတွင်းရှိ ​ရွှေ​သောင်ယံနှင့် သာ​ပေါင်းမြို့နယ်တို့တွင် AAပူး​ပေါင်းတပ်နှင့် စစ်​ကော်မရှင်တို့ တိုက်ပွဲများ အပြင်းအထန်ပြန်လည်ဖြစ်ပွား​နေ​ကြောင်း သိရသည်။

သာ​ပေါင်းရှိ သဲဖြူရွာနှင့် ​ရွှေ​သောင်ယံမြို့အစပ်တို့တွင် တိုက်ပွဲပြင်းထန်​နေပြီး စစ်​ကော်မရှင်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်​နေ​ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

သာ​ပေါင်းမြို့နယ်ရှိ သာ​ပေါင်း​လေး​ကျေးရွာတွင် တိုက်ပွဲများဖြစ်ပွား​နေ​ကြောင်းကို AAကထုတ်ပြန်​ပြောဆိုထားပြီး ယခု သဲဖြူ​ကျေးရွာအထိ တိုက်ပွဲကျယ်ပြန့်လာခြင်း ဖြစ်သည်။

“သဲဖြူဘက်မှာတိုက်ပွဲဖြစ်​​နေတယ်ကြားပါတယ်။​ငွေ​ဆောင်၊ ဂွနဲ့ ​ရွှေ​သောင်ယံကမ်း​ခြေ​တွေမှာ စစ်​နေဗီ​တွေမပြတ်လှည့်​နေကြတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို​ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ရက်​နေ့က ဂွပင်လယ် ပြင်တွင် လှည့်လည်​နေ​သော စစ်​နေဗီ သုံးစီးမှ​ကျေးရွာများအတွင်းကို လက်နက်ကြီးများဖြင့် ၁၅ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဧရာဝတီတိုင်းအတွင်း ​လေးမျက်နှာ၊ ​ရေကြည်၊ သာ​ပေါင်း၊ ​အင်္ဂပူ၊ ရွှေ​သောင်ယံတို့တွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွား​နေပြီး စစ်​ကော်မရှင်က ဟင်္သာတဘက်မှ​နေ၍ အင်အားစု​ဆောင်းကာ စစ်ကူများပို့လျက်ရှိသည်။

သာ​ပေါင်းတိုက်ပွဲမှ​နေ၍ ​ရေနံ့သာစစ်​ဆေး​ရေးဂိတ်ဝင်​ရောက်တိုက်ခိုက်ခံရမည်ကို စိုးရိမ်ပြီး ​ရေနံ့သာဂိတ်တွင် ဘန်ကာများ​ဆောက်လုပ်ကာ လုံခြုံ​ရေးကင်းများ အပြည့်ချထား​ကြောင်း သိရသည်။

စစ်ကူများကိုလည်း ဧရာဝတီတိုက်ပွဲအနှံ့ဖြန့်ပို့ထား​သော်လည်း ထိခိုက်​သေဆုံးမှုများ၍ ပုသိမ် မဆရ ၄နှင့် ​ရွှေမြင်တင် သဂြိုဟ်စက်တွင် လူမပြတ်​ကြောင်း ​ဒေသခံများထံမှ သိရသည်။