ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၄ ရက်

ထိုင်ဝမ်အရေးကြောင့် ဂျပန်နဲ့တရုတ်ကြား တင်းမာမှုတွေ မြင့်တက်နေစဉ် ထိုင်ဝမ်ကျွန်းနဲ့ကပ် လျက် ကျွန်းတစ်ကျွန်းမှာ ဒုံးကျည်တွေ ဖြန့်ကြက်ဖို့ စီစဉ်နေတယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇုမိက ပြောပါတယ်။

“ဒုံးကျည်တွေ ဖြန့်ကြက်မှုကြောင့် ဂျပန်နိုင်ငံအပေါ် လက်နက်ကိုင်တိုက်ခိုက်ဖို့ အခွင့်အရေး နည်း သွားစေနိုင်ပါတယ်” လို့ ဂျပန်တောင်ပိုင်း ယိုနာဂူနိကျွန်းရှိ စစ်ဘက်အခြေစိုက်စခန်းတစ်ခုသို့ သွားရောက် တဲ့ ခရီးစဉ်အပြီးမှာ ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။

“ဂျပန်နိုင်ငံက ယိုနာဂူနိကျွန်းမှာ ဒုံးကျည်တွေ ဖြန့်ကြက်မယ့်အစီအစဉ်ကြောင့် ဒေသတွင်း တင်း မာမှုတွေ မြင့်တက်စေနိုင်တယ်ဆိုတဲ့အမြင်ဟာ မမှန်ကန်ပါဘူး” လို့ သူက ဆိုပါတယ်။

ထိုင်ဝမ်ကျွန်းရဲ့အရှေ့ဘက် ကီလိုမီတာ ၁၁၀ ခန့်အကွာရှိ ယိုနာဂူနိကျွန်းပေါ်မှာ တာလတ် မြေ ပြင်-ဝေဟင်ခွင်းဒုံးကျည်တွေ ဖြန့်ကြက်ဖို့ ဂျပန်နိုင်ငံက စီစဉ်နေတာပါ။

ဒုံးကျည်တွေဖြန့်ကြက်မယ့် အဆိုပါအစီအစဉ်ဟာ တရုတ်ရဲ့ စစ်အင်အားတောင့်တင်းလာမှုအပေါ် ဂျပန်ရဲ့ စိုးရိမ်မှုနဲ့ ထိုင်ဝမ်အရေး ပဋိပက္ခဖြစ်လာနိုင်မှုကို ထင်ဟပ်စေပါတယ်။

ယိုနာဂူနိကျွန်းသို့ မရောက်ရှိမီ ရှင်ဂျီရိုဟာ အိုင်ရှီဂါကီနဲ့ မီယာကိုကျွန်းပေါ်ရှိ စစ်ဘက်စခန်းတွေ ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။

အိုင်ရှီဂါကီကျွန်းပေါ်မှာ သင်္ဘောဖျက်ဒုံးကျည်တွေ တပ်ဆင်ထားပြီး မီယာကိုကျွန်းမှာ လက်နက် သိုလှောင်ရုံတွေ အပါအဝင် လေကြောင်းစောင့်ကြည့်ရေးနဲ့ အခြားစစ်ဘက်စခန်းတွေ ရှိပါတယ်။

ဂျပန်နိုင်ငံဟာ စစ်အင်အား တိုးချဲ့နေပြီး အမေရိကန်စစ်တပ်နဲ့ ဆက်ဆံရေး တိုးမြှင့်နေတယ်လို့ ယိုနာဂူနိမြို့တော်ဝန်နဲ့ တွေ့ဆုံစဉ် ရှင်ဂျီရိုက ပြောပါတယ်။

“လက်ရှိမှာ ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အပြင်းထန်ဆုံး၊ အရှုပ်ထွေးဆုံး လုံခြုံရေး အခြေအနေကို ရင်ဆိုင်နေရပါတယ်” လို့ ၎င်းက ဆိုပါတယ်။

ကိုးကား – Bloomberg
Ref; Japan to deploy missiles to island near Taiwan, Defence Minister says